Skip to main content

ပြည်သူ့ကြားက ပြည်သူ့စကားအစီအစဉ် ထုတ်လွှင့်မည်

နေပြည်တော် ဇန်နဝါရီ ၆

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM၏ “ပြည်သူ့ကြားက ပြည်သူ့စကား”အစီအစဉ်မှ “အနောက်မျှော်မီဒီညာတွေရဲ့ သပ်လျှိုသွေးခွဲသတင်းတွေကြားမှာ အစိုးရနဲ့ ပြည်သူအချင်းချင်းကြား သွေးမကွဲဖို့ လိုအပ်နေပြီ” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “လက်နက်ကိုင်သောင်းကျန်းသူများ ထိန်းချုပ်ထားတဲ့နယ်မြေမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့် တင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်