နေပြည်တော် ဇန်နဝါရီ ၃
စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ နှစ်သစ်ကူးမိတ်ဆုံစားပွဲနှင့် ကံစမ်းမဲဖောက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၇) ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
ပူးပေါင်းပါဝင်ဆောင်ရွက်
ဦးစွာ ပြည်ထာင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စက်မှုကဏ္ဍကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ကိုဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များသတ်မှတ်ကာ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများအနေဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ စက်မှုဇုန်များ၊ စက်မှုလုပ်ငန်းများကို ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားအောင်ဆောင်ရွက်၍ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နှစ်သစ်ကူးမိတ်ဆုံစားပွဲနှင့် ကံစမ်းမဲဖောက်ခြင်းအခမ်းအနား ကျင်းပ သည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်ပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းများအတွက် ကံစမ်းမဲအစီအစဉ်ဆောင်ရွက်ပေးနေမှုကို အားပေးကြည့်ရှု၍ ဆုမဲများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်