Skip to main content

ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၃) သင်တန်းဆင်းပွဲ၊ ကျမ်းသစ္စာပြုပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃

ဒုတိယမြို့နယ် တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၃) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာပြုပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပြည်ထောင်စုတရားလွှတ်တော် ချုပ် Judicial College ၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးတက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

တက်ရောက်

အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်သင်တန်းဆင်း ဒုတိယမြို့နယ် တရားသူကြီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၃) ၌ ကင်းဝန်အသင်းဆုရရှိသူ သင်တန်းသူဒေါ်အေမွန်ခင်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးခင်မောင်ကြီးကလည်းကောင်း၊ ယောအသင်းဆုရရှိသူ သင်တန်းသူဒေါ်ခင်မြတ်မြတ်ထက်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးကြည်သိန်းကလည်းကောင်း၊ ဦးမေအောင် အသင်းဆုရရှိသူသင်တန်းသူ ဒေါ်ဇာနှင်းပွင့်ဦးအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးမောင်ကလည်းကောင်း၊ ဒေါက်တာဘဦး အသင်းဆုရရှိသူ သင်တန်းသူ ဒေါ်အိလင်းထက်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်ကလည်းကောင်း၊ စံပြဆုရရှိသူ သင်တန်းသူဒေါ်ချောယဉ်မင်းအား ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးကလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ကျမ်းသစ္စာပြု

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက သင်တန်းသားသင်တန်းသူများ ကိုယ်စား သင်တန်းသားဦးမင်းသန့်ဖြိုးထံ သင်တန်းဆင်းမှတ်တမ်းလွှာများပေးအပ်ပြီး တရားသူကြီးတာဝန်စတင်ထမ်းဆောင်မည့် သင်တန်းသားသင်တန်းသူ တရားရေးအရာရှိများက ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများရှေ့မှောက်၌ ကျမ်းသစ္စာပြုခဲ့ကြသည်။

သင်တန်းကာလမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ သုံးလကြာမြင့်ခဲ့ကြောင်းနှင့် သင်တန်းသားသင်တန်းသူ ၈၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်