Skip to main content

တရားရေးအရာရှိကြီးများ မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃

တရားရေးအရာရှိကြီးများမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်း ဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးတက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

နှစ်လကြာမြင့်

သင်တန်းကာလမှာ ၂၀၂၄ အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ နှစ်လကြာမြင့်ကြောင်းနှင့် သင်တန်းသို့ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်တရားသူကြီးနှင့် တွဲဖက်ခရိုင်တရားသူကြီးအဆင့်ရှိ သင်တန်းသား ၁၁ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်