Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲဆုများချီးမြှင့်ပေးအပ်

နေပြည်တော် ဇန်နဝါရီ ၃

၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ် (၁၊ ၂ နှင့် ၃) တို့၌ ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ လွန်ဆွဲ (အမျိုးသား၊ အမျိုး သမီး)၊ ထုပ်ဆီးတိုး (အမျိုးသမီး) တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

ဦးစွာ ထုပ်ဆီးတိုး (အမျိုးသမီး) တတိယလုပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၁၄) မှတ် (၆) မှတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၂၅) မှတ် (၅) မှတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

လွန်ဆွဲ(အမျိုးသမီး) တတိယလုပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အသင်းကို (၂) ပွဲ (၁) ပွဲဖြင့်လည်းကောင်း၊ လွန်ဆွဲ (အမျိုးသား) တတိယလုပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို (၂) ပွဲ ပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ (အမျိုးသမီး) ဗိုလ်လုပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို (၂) ပွဲပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ (အမျိုး သား) ဗိုလ်လုပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၂) ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ထုပ်ဆီးတိုး (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသော နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ တတိယဆုရရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ စတုတ္ထဆုရရှိသော ဆောက်လုပ် ရေးဝန်ကြီးဌာနအသင်း၊ လွန်ဆွဲ (အမျိုးသား) ပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရရှိသော နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း၊ တတိယဆုရရှိသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ စတုတ္ထဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ လွန်ဆွဲ (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရရှိသော အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်း၊ တတိယဆုရရှိသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် စတုတ္ထဆုရရှိသော ပြည်ထောင်စုရာထူးဝန် အသင်းတို့အားပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်