နေပြည်တော် ဇန်နဝါရီ ၄
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့်မြန်မာပြည်သူများထံသို့ ကမ္ဘောဒီးယားပြည်သူများနှင့် မိမိမှ ဂုဏ်ပြုဝမ်းမြောက်စကားများပို့သအပ်ပါသည်။
မြန်မာနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် တူညီသည့်ရိုးရာယဉ်ကျေးမှုနှင့် ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနှင့်လေးစားမှုတို့ကိုအခြေခံ၍ နှစ်နိုင်ငံအကြား ကာလရှည်ကြာနီးကပ်စွာတည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုကို မိမိအနေဖြင့် အထူးအလေးထားပါကြောင်းနှင့် မိမိတို့အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်တွင် ပိုမိုတိုးတက်မှုရှိလာမည်ကို အခိုင်အမာယုံကြည်ပါသည်။
အဆွေတော်ကျန်းမာရွှင်လန်းပြီး စိတ်နှလုံးပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နှစ်သစ်တွင် မြန်မာပြည်သူများအားလုံးသည် ငြိမ်းချမ်းမှု၊ ကျန်းမာရွှင်လန်းမှုနှင့် ပျော်ရွှင်မှုတို့ကို ရရှိခံစားနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့်မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများထံသို့ ကမ္ဘောဒီးယားနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား မိမိမှဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းများပို့သအပ်ပါသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ခိုင်မာစွာတည်ဆောက်ထားပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို အလေးထားပါသည်။ မိမိတို့နှစ်နိုင်ငံသည် ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုတို့ကိုအခြေခံ၍ နွေးထွေးပျူငှာသည့်ဆက်ဆံရေးကို အတူတကွမျှဝေခံစားလျက်ရှိကြပါသည်။ မိမိတို့နှစ်နိုင်ငံအကြားဆက်ဆံရေးသည် နီးကပ်သည့်စေ့စပ်ညှိနှိုင်းမှုများဖြင့် ပိုမိုခိုင်မြဲလာသည်ကိုတွေ့မြင်ရသဖြင့် မိမိအနေဖြင့် ဝမ်းမြောက်မိပါသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တရုတ်နိုင်ငံကူမင်းမြို့၌ကျင်းပသည့် (၁၁) ကြိမ်မြောက် CLMV အစည်းအဝေးကာလအတွင်း ပြုလုပ်ခဲ့သည့်နှစ်နိုင်ငံတွေ့ဆုံမှုက မိမိတို့အကြားတည်ရှိပြီးဖြစ်သည့် နွေးထွေးသည့်ဆက်ဆံရေးနှင့် ခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုအားကောင်းလာစေပါသည်။
အခါအခွင့်ကြုံခိုက် နှစ်နိုင်ငံပြည်သူများ ကြွယ်ဝမှုနှင့်ကျန်းမာရွှင်လန်းစေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာလာစေရန် မိမိအနေဖြင့် နှစ်နိုင်ငံအကြားသာမက ဘက်ပေါင်းစုံမဏ္ဍိုင်အောက်၌ အဆွေတော်နှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါသည်။ လာမည့်နှစ်တွင် နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု နှစ် (၇၀) ပြည့်မြောက်မည်ဖြစ်သဖြင့် နှစ်နိုင်ငံအကြား လေးနက်မှုရှိသည့် အထိမ်းအမှတ်အခမ်းအနားများကို အတူတကွပူးပေါင်း ဆောင်ရွက်သင့်ပါကြောင်း ပြောကြားလိုပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါသည်။
မိမိတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှု အစဉ်အလာများအပေါ်အခြေခံပါသည်။
အခါအခွင့်ကြုံခိုက် ၂၀၂၅ နှစ်သစ်အတွက် ဆုမွန်ကောင်း တောင်းအပ်ပါသည်။ အဆွေတော် ကျန်းမာ၊ ပျော်ရွှင်၍ အောင်မြင်မှုများရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ မီခေးလ် မီရှုစတင်ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရကိုယ်စားနှင့် မိမိအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယအတွက် အဆွေတော်အား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါသည်။
ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေးမူများအပေါ်အခြေခံသည့် ရုရှား-မြန်မာ ဆက်ဆံရေး ဆက်လက်ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် ကျေနပ်အားရကြောင်း ပြောကြားလိုပါသည်။ ကုန်သွယ်ရေးနှင့် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာထောက်ထားမှု နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာပြီး အလားအလာရှိသော ပူးတွဲစီမံကိန်းများလည်း အသက်ဝင်လာသည်ကို တွေ့ရှိရပါသည်။
နယ်ပယ်ပေါင်းစုံတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်ရန်ရည်ရွယ်လျက် မိမိတို့နှစ်နိုင်ငံအစိုးရအကြား တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လိုကြောင်း ဆန္ဒရှိမှုကို ထပ်လောင်းအတည်ပြုပါသည်။ ဤသို့ဆောင်ရွက်ခြင်းသည် ရုရှားနှင့် မြန်မာနှစ်နိုင်ငံအကျိုးစီးပွားနှင့် အပြည့်အဝကိုက်ညီမှု ရှိပါသည်။
အဆွေတော် ကျန်းမာချမ်းသာပြီး လုပ်ငန်းဆောင်တာများအောင်မြင်ပါစေကြောင်းနှင့် မြန်မာပြည်သူပြည်သားများအားလုံး ပျော်ရွှင်၊ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ နီပေါနိုင်ငံသမ္မတ မစ္စတာရမ် ချန်ဒရာ ပေါ်ဒဲလ်ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
မြန်မာနိုင်ငံ၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူများအား မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြအပ်ပါသည်။ ထို့အပြင် မြန်မာပြည်သူများ ဆက်လက်၍ တိုးတက်မှုနှင့် သာယာဝပြောမှုများ ရရှိပါစေကြောင်း မိမိက ဆုမွန်ကောင်းပို့သအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ နီပေါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေပီရှာမာ အိုလီ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
မြန်မာနိုင်ငံ၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်သူများအား နီပေါအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြအပ်ပါသည်။ ဖော်ရွေသည့် မြန်မာပြည်သူများ ဆက်လက်၍ တိုးတက်မှုနှင့် သာယာဝပြောမှုများရရှိပါစေကြောင်း မိမိကဆုမွန်ကောင်းပို့သအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်စန္ဒား လူကာရှန်ကိုထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါသည်။
ကိုလိုနီနယ်ချဲ့အောက်မှ လွတ်မြောက်ခဲ့ပြီး နှစ်ပေါင်း (၇၇) နှစ်ကျော်ကာလတွင် အဆွေတော်တို့၏ မြန်မာနိုင်ငံသည် စိန်ခေါ်မှုများကြားမှ နိုင်ငံရေး၊ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့၌ သိသာထင်ရှားသည့် တိုးတက်မှုများရရှိခဲ့ပြီး အချုပ်အခြာအာဏာနှင့် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ၊ လူသားချင်းစာနာ ထောက်ထားမှု စသည့်ကဏ္ဍများတွင် ဘယ်လာရုစ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု၏ အလားအလာကောင်းများကိုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံပိုမိုနီးကပ်လာစေရန် အခွင့်အလမ်းသစ်များကို ရှာဖွေသွားရန် မိမိအနေဖြင့် စိတ်ပါဝင်စားလျက်ရှိသည်ကို ပြောကြားလိုပါသည်။
အဆွေတော်ကျန်းမာ၍ အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများငြိမ်းချမ်း၍ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာရိုမန်ဂိုလော့ဗ်ချန်ကိုထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ဘယ်လာရုစ်နိုင်ငံအစိုးရကိုယ်စားလည်းကောင်း၊ မိမိကိုယ်စားလည်းကောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် ဂုဏ်ယူဝမ်းမြောက်ကြောင်း လှိုက်လှဲစွာပြောကြားလိုပါသည်။
နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းတွင် ဂုဏ်သိက္ခာရှိသည့်နေရာတစ်နေရာရရှိပြီး ၎င်းတို့၏သဘောဆန္ဒကို ထုတ်ဖော်ပြောကြားခွင့်ရှိသော သာတူညီမျှရှိသည့် ကမ္ဘာ့အစီအစဉ်အတွက်နှင့် မိမိတို့ပြည်သူများ၏ အကျိုးစီးပွားနှင့်အညီ လွတ်လပ်၍အမှီအခိုကင်းသည့်လမ်းကြောင်းအတွက် မိမိတို့နိုင်ငံများသည် ယုံကြည်မှုဖြင့် ပေါင်းစည်းညီညွတ်လျက်ရှိပါသည်။
ဘယ်လာရုစ်သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အဆင့်အသီးသီးတွင် ထိတွေ့ဆက်ဆံမှုများမြှင့်တင်သွားပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်နိုင်ရန် ဆန္ဒရှိပါသည်။
နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး၏တည်ရှိပြီးဖြစ်သည့် အခြေခံယန္တရားများကို အတတ်နိုင်ဆုံးအကျိုးရှိစွာအသုံးချရန် အရေးကြီးသည်ဟု မိမိအနေဖြင့်ထင်မြင်ပါသည်။ အဆွေတော်အနေဖြင့် ဘယ်လာရုစ်- မြန်မာကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ အစည်းအဝေးကျင်းပနိုင်ရေးအတွက် ကူညီပေးနိုင်ရန်မျှော်လင့်ပါသည်။ နှစ်နိုင်ငံပူးတွဲစီမံကိန်းများကို အကောင်အထည်ဖော်ခြင်းနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင် ခြင်းတို့ဖြင့် နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ ဆက်လက်ရရှိရေးအတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ၏ သာယာဝပြောရေးကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
အဆွေတော်၏ အစီအစဉ်များအားလုံး အောင်မြင်စွာအကောင်အထည်ဖော်နိုင်ပြီး ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်လျက် အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတအက်ဘ်ဒယ်လ်မက်ဂျစ် တက်ဘ်ဘွန်းထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ မြန်မာပြည်သူများ ဆက်လက်အောင်မြင်တိုးတက်ပါစေကြောင်း အယ်လ်ဂျီးရီးယားအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မိမိအနေဖြင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရေး ဆောင်ရွက်သွားရန် အသင့်ရှိနေပါကြောင်း ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် မိုဟာမက် ရှီဘက် ရှာရစ်ဖ်ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပျော်ရွှင်ဖွယ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိတို့အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြအပ်ပါသည်။
ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့သည် အပြန်အလှန်လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ဖြင့် ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားရှိပါသည်။ မိမိတို့အတူတကွ ကြိုးပမ်းအားထုတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် မိမိတို့ပြည်သူများ၏ အပြန်အလှန်အကျိုးစီးပွားအတွက် အကျိုးတူကဏ္ဍအားလုံး၌ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာအောင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။
အခွင့်ကြုံခိုက် မိမိအနေဖြင့် အဆွေတော်ကျန်းမာပျော်ရွှင်ပြီး အဆင်ပြေပါစေကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူများဆက်လက်တိုးတက်၍ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။