Skip to main content

မိုးဗြဲမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းများဖြင့်ဗုံးကြဲမှုကြောင့် နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ် ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကဒရုန်းများဖြင့် ဗုံးကြဲမှုကြောင့် နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းတု သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါမြို့တွင် အကြမ်းဖက်သမားများ တရားမဝင်ဝင်ရောက် ခိုအောင်းနေထိုင်မှုမရှိစေရေးနှင့် နယ်မြေအေးချမ်းတည်ငြိမ်မှုရှိစေရေးအတွက် လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို မလိုလားဘဲ ပြည်သူများနေထိုင်ရာ နယ်မြေအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် ရွံရှာစက်ဆုပ်ဖွယ် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့် နယ်မြေခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးရခြင်း ဖြစ်ကြောင်း၊ တရားမဝင် အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ ဥပဒေမဲ့လုပ်ရပ်များကို ဖုံးကွယ် ရန်နှင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ ယခုကဲ့သို့ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်