Skip to main content

သက်ကြီးသတင်းစာပညာရှင်ကြီးများအား ပူဇော်ကန်တော့ခြင်းအစီအစဉ်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များက စုပေါင်းလှူဒါန်း

နေပြည်တော် ဒီဇင်ဘာ ၂၇

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သက်ကြီးသတင်းစာပညာရှင်ကြီးများအား ပူဇော်ကန်တော့ခြင်းအစီအစဉ်အတွက် ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ကျော်ဒင်သို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက ကောင်စီဝင်များအားလုံး၏ နှစ်သစ်ဦးစုပေါင်း လှူဒါန်းငွေကျပ် ၂၅၀၀၀၀၀ ကို သတင်းမီဒီယာကောင်စီရုံး၌ လှူဒါန်းပေးအပ်သည်။

နိုင်ငံတော်လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလနှင့် နောက်ပိုင်းတွင် ခေတ်အဆက်ဆက် တိုင်းကျိုးပြည်ကျိုးထမ်းဆောင်ခဲ့ကြသည့် သတင်းစာပညာရှင်ကြီးများအား လေးစားဂုဏ်ပြုသောအားဖြင့် ပြုလုပ်မည့် ပူဇော်ကန်တော့ခြင်းအစီအစဉ်တွင် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (၀၉- ၄၄၈၀၂၆၃၂၆)၊ အမှတ် (၃၉၂-၃၉၆ ကုန်သည်လမ်း ၉ ရပ်ကွက် ဗိုလ်တထောင်မြို့နယ်) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်