ပန်းတောင်း ဒီဇင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၌ မြို့နယ်သမဝါယမအသင်းစုက အခြေခံသမဝါယမအသင်း ခုနစ်သင်း၊ အသင်းသား ၂၄ ဦး၏ ဆောင်းဆီထွက်သီးနှံ (နေကြာ) ၁၃၅ ဧက စိုက်ပျိုးမှုအတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးသည်။
ထို့ပြင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက အကယ်ဒမီစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသား တောင်သူဦးသိန်းထိုက်၏ သီးသန့်နေကြာစိုက်ခင်းတွင် ရေဆင်းစပ်မျိုး နေကြာ (၁) စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်