ရန်ကုန် ဒီဇင်ဘာ ၂၅
မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၆ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၇) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်၍ စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထပ်မံလှူဒါန်းငွေကျပ် ၁၂၆ သိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ငွေကျပ်သိန်း ၃ဝ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ် ၁၅ သိန်း၊ ကယားပြည်နယ် အစိုးရအဖွဲ့က ငွေကျပ် ၁၀ သိန်း၊ ဦးသိန်းမောင်-ဒေါ်ပါးပါးတို့အား အမှူးထား၍ စန္ဒီဘယဆေးမိသားစုက ငွေကျပ် ၅၀၄၀၀၀၊ သံအမတ်ကြီး ဒေါက်တာဦးလှမောင်(ဖောင်ဒေးရှင်း)က ငွေကျပ်ငါးသိန်း၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)-ဒေါ်ခင်အေးမူ မိသားစုက ငွေကျပ်နှစ်သိန်း၊ ဆရာကြီး ကပ္ပတိန်သာစိန်မိသားစု၊ ဒေါ်ချိုချိုတင် (မစန္ဒာ)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် ဒေါက်တာမြင့်သန်း(ညောင်လေးပင်)တို့က ငွေကျပ် တစ်သိန်းစီ၊ ဦးညွန့်လှိုင်(မောင်မောင်ညွန့်လှိုင်)၊ ဦးမြင့်မောင်(မြင့်မောင် Phil-Q)၊ ဒေါက်တာဗိုလ်သံမဏိ(တောင်တွင်းကြီး)၊ သထုံမြို့နယ်စာရေး ဆရာအသင်းနှင့် ပန်းတောင်းမြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ ဦးမြင့်ဦး(မြင့်မိုရ်ဦး-ပဲခူး)- ဒေါ်အေးအေးခိုင်မိသားစု၊ ဘအုံးကြိုင်(ရွှေဂုံတိုင်)နှင့် တနင်္သာရီမြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်သုံးသောင်းစီ၊ သံအမတ်ကြီးဒေါက်တာ ဦးလှမောင်(ဖောင်ဒေးရှင်း) က ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ ကျန်းမာရေးစစ်ဆေးခွင့်ကတ် ၁၅ ကတ် ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့် အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်