Skip to main content

၂၀၂၄ ခုနှစ် ဒီဇင်ဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ထွက်ရှိ

၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး MSME ကို အားပေး” မျက်နှာဖုံးဆောင်းပါးကြီးများပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဒီဇင်ဘာလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလထုတ်သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ K.M.A ၊ သန့်လွင်ထွန်း (MPA) တို့၏ “နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး MSME ကို အားပေး” မျက်နှာဖုံး ဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ ညီမော်သိမ်း၊ နေသူရိန်၊ မြသိန်း၊ ဒေါက်တာ လွင်သန့်၊ စန်းနီလာဝင်း၊ ကိုမောင်မြင့် (Love of Wisdom) တို့၏ လူငယ်ရေးရာဆောင်းပါးများ၊ အေးထွန်းမင်း၊ ဝင်းထွဋ်ဦး၊ ကိုကိုအောင် (အလုပ်သမား)တို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါးများ၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ စောနိုင် (အသုံးချဘောဂဗေဒ) တို့၏ စီးပွားရေးဆိုင်ရာဆောင်းပါးများ၊ ရဲထက်ဇော်၊ လဲ့လဲ့ဝင်း (သတ္တဗေဒ) တို့၏ သဘာဝပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာဆောင်းပါးများ၊ ရန်ကုန်ဌေးဇော်၏ မူးယစ်ဆေးဝါးဆိုင်ရာ ဆောင်းပါး၊ နေ၏လူကုန်ကူးမှုဆိုင်ရာဆောင်းပါး၊ ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)၏ ကျန်းမာရေးဆိုင်ရာဆောင်းပါး၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ စိုးစိုး (ပန်းတောင်း)၊ ခိုင်ဇော် (ဒဿန)၊ ညီညီဖေ၊ ထက်ဝေအောင် (စစ်ကိုင်း)၊ ဆောင်းဝင်းလတ်၊ နွေကံ့ကော် (မြို့လှ)၊ မော် (သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ငွေကျပ် ၂၅ဝဝ နှုန်းဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်း ဈေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉- ၄၄၉၅၄၀၆၆၇၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ၀၂-၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်