Skip to main content

အမရပူရမြို့နယ်၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် အမျိုးသားတစ်ဦး သေဆုံး

နေပြည်တော် ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ ဒီဇင်ဘာ ၂၄ ရက်က မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီ မိနစ် ၅၀ တွင် အမရပူရမြို့နယ် ညောင်ပင်စောက်ကျေးရွာအနီး ၆၇ လမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဒုတိယယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(၁၄)မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ၆၇ လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ အဆိုပါကျေးရွာနေ ဦးအောင်မျိုး(၄၃)နှစ် မောင်းနှင်လာသည့် MDY 46W/xxxxx Yinxiang ဆိုင်ကယ်နှင့် အဆိုပါလမ်းအတိုင်း တောင်ဘက်မှမြောက်ဘက်သို့ ပုသိမ်ကြီးမြို့နယ် ကွေ့ကြီးကုန်းကျေးရွာနေ ဦးဖိုးဇော်(၄၆)နှစ် မောင်းနှင်လာသည့် MDY 9F/xxxx Toyota Dyna ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဦးအောင်မျိုးတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သဖြင့် အောင်မျိုးနှင့် ဖိုးဇော်တို့အား မြစ်ငယ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။                                  

သတင်းစဉ်