နေပြည်တော် စက်တင်ဘာ ၂၆
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အထောက်အကူဖြစ်စေရန်အတွက် ဆေးရုံသုံးပစ္စည်း အောက်ဆီဂျင်စက်နှင့် အဟာရဒါန အလှူငွေလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီး ဝင်းသိန်း၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူး ကျော်ကျော်ညွန့်နှင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်/မိသားစုဝင်များက ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် အရေးပေါ် လူနာများအတွက် အသုံးပြုရန် အောက်ဆီဂျင်စက် (၃)လုံး (စုစုပေါင်း တန်ဖိုးငွေကျပ် ၁၈၆၀၀၀ဝ)နှင့် ကျန်းမာရေးဝန်ထမ်း များနှင့် လူနာများအတွက် အဟာရဒါန အလှူငွေ ကျပ်(၁၀)သိန်းတို့အား လှူဒါန်းရာ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်က လက်ခံပြီး လှူဒါန်းမှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်