Skip to main content

မြန်မာ-တရုတ် စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၂၃

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီးဦးသန့်စင်၊ တာဝန်ရှိသူများနှင့်အတူ South-East Asia Crude Oil Pipeline နှင့်Gas Pipeline ကုမ္ပဏီများ၏ဥက္ကဋ္ဌ Mr. Wang Qiang ဦးဆောင်သည့်အဖွဲ့အား ယနေ့ညနေပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ LNG Terminal တည်ဆောက်၍ သဘာဝဓာတ်ငွေ့များ ထုတ်ယူပြီး နှစ်နိုင်ငံ မျှဝေသုံးစွဲခြင်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်နိုင်ခြေဆန်းစစ်ခြင်းများကို ဆောလျင်စွာ စတင်နိုင်ရေး၊ တရုတ်နိုင်ငံကူမင်းမြို့သို့ ဆက်သွယ်ထားပြီး ဖြစ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ချုံချင့်မြို့အထိ ဓာတ်ငွေ့ပို့လွှတ်နိုင်ရေးအတွက် ပိုက်လိုင်း အဆင့်မြှင့်တင်ရေး၊ မြန်မာ - တရုတ် ရေနံစိမ်းပိုက်လိုင်းမှတစ်ဆင့် ရေနံစိမ်းများရယူပြီး ရေနံချက်စက်ရုံများအား အဆင့်မြှင့်တင်လည်ပတ်နိုင်ရေးအပါအဝင်စွမ်းအင်ကဏ္ဍတွင် တရုတ်နိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်