ရန်ကုန် ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အင်တိုင်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲမဖြစ်ဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများက မြို့၊ ရွာများအတွင်း ဝင်ရောက်ခိုအောင်းနေထိုင်ကြောင်း ပြည်သူလူထု၏ သတင်းပေးပို့မှုများရှိလာပါက အကြမ်းဖက်သမားများ အမှန်တကယ်ဝင်ရောက်နေထိုင်ခြင်း ရှိ/မရှိနှင့် အဆိုပါနယ်မြေအတွင်း ပြည်သူများနေထိုင်ခြင်း ရှိ/မရှိကို နည်းပညာအကူအညီများရယူ၍ စုံစမ်းထောက်လှမ်းပြီးမှသာ တိုက်ခိုက်လေ့ရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာ/ရပ်ကွက်များကို အကြောက်တရားလွှမ်းမိုးစေရန် ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ အထက်ပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်မှန်ကန်မှုမရှိသည့် သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။