Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၉

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၂၁ - ၁၂ - ၂၀၂၄ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၅၁) တွင် တစ်နေ့တွင် လကမ္ဘာပေါ်သို့ အရောက်သွားနိုင်ရန် စာကြိုးစားတော့မည်ဆိုသော မောင်အာကာအကြောင်း သရုပ်ဖော်ထားသည့် “လပေါ်သွားမည့် မောင်အာကာ’’ မျက်နှာဖုံးကာတွန်းပင်စည်တစ်ပင်တည်းမှ ပင်စည်ပေါင်းများစွာ ပွားများတတ်သော ညောင်ပင်မျိုးစိတ်အကြောင်း ရေးသားထားသည့် “တစ်ပင်တည်းနှင့် တစ်တောဖြစ်နိုင်သည့် သစ်ပင်’’ သုတဆောင်းပါးကဏ္ဍ၊ ကလေးတို့ ကိုယ်တိုင်ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပါလာပါက အချင်းချင်းစိတ်ဝမ်းကွဲတတ်ကြောင်းကို နားလည်သဘောပေါက်သွားသော ပုပုတို့ သူငယ်ချင်းတစ်စုအကြောင်း သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် ကြက်ပဲချက်ထားတယ်” နှစ်မျက်နှာကာတွန်း၊ ကြိုးကြာငှက်မလေးသည် သူ၏အသက်သခင်ကျေးဇူးရှင်အပေါ် ကျေးဇူးသိတတ်ပုံအကြောင်း ရေးသားထားသည့် “ကြိုးကြာနတ်သမီး” ပုံပြင်ကဏ္ဍ၊ အန်တီနန်း၏ ဟင်းချက်စွမ်းရည်က ဦးအော၏ ဟင်းချက်စွမ်းရည်ကိုမမှီကြောင်း သရုပ်ဖော်ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ မြန်မာတို့၏ ဆောင်းဥတုအချိန်အခါ သဘာဝအလှများအကြောင်း ရေးဖွဲ့ထားသည့် ဆရာစိုးစံခေတ်ဟန်၏ “ဆောင်းလချိန်ခါ” ကဗျာကဏ္ဍအပါအဝင် အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်