Skip to main content

မော်လမြိုင်မြို့နယ်၌ မိုးစပါးစိုက်ပျိုးအောင်မြင်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မော်လမြိုင် ဒီဇင်ဘာ ၁၉

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကော့လှာကျေးရွာအုပ်စု ဖဲထော်ကျေးရွာ (စံပြကျေးရွာ) ရှိ အိပ်မက်သစ်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း လီမိတက်မှ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား ပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၉ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ပြီး အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ သီးနှံစိုက်ပျိုးရိတ်သိမ်းရာတွင် ဆောင်ရွက်ရမည့် လိုအပ်ချက်များအပေါ် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့သည်။

အိပ်မက်သစ် စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်အနေဖြင့် အသင်းသား ၁၁၂ ဦးရှိပြီး မိုးစပါးစိုက်ဧက ၁၀၅၈ ဧကတွင် ဒေသမျိုးများဖြစ်သည့် ဆင်းသုခ၊ ရွှေတစ်ဆုပ်မျိုးများကို စိုက်ပျိုးထားရှိကာ စပါးများကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်