ရန်ကုန် ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၆ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၇) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အလှူငွေကျပ် သိန်း ၁၅၀၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၃၀၊ ဗိုလ်ချုပ်ဌေးဦး(ငြိမ်း) ပြည်ထောင်စုဝန်ကြီး(ငြိမ်း)-ဒေါ်နီနီဝင်း မိသားစုက ငွေကျပ် ၂၇၆ဝဝဝဝ၊ ဒေါက်တာတင်ထွန်း ဦး-ဒေါက်တာခင်မိုးမိုး (စွယ်စုံမီဒီယာဂရု) မိသားစုက ငွေကျပ် ၁၁ သိန်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဒေါက်တာခင်ခင်ရီ(ရှိုင်းဟုပ်ကုမ္ပဏီ)တို့က ငွေကျပ် ၁၀ သိန်းစီ၊ မြန်မာနိုင်ငံဂီတအစည်းအရုံးက ငွေကျပ်သုံးသိန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စာရေးဆရာအသင်းက ငွေကျပ် ၂၅ဝဝဝဝ၊ သင်္ဃန်းကျွန်းမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၁၅ဝဝဝဝ၊ မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်းနှင့် ဓနုဖြူမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် ၁၁ဝဝဝဝ စီ၊ ဘဒ္ဒန္တပဏ္ဍာနန္ဒ(မြတ်ဘုန်း-တပ်ကုန်း)၊ ဦးတင်ကိုကို-ဒေါ်အေးအေးမူ (တော်ဝင်မြင်းမိုရ်ကုမ္ပဏီလီမိတက်)၊ ဆရာဝန်တင်ရွှေမိသားစု၊ ဆရာနိုင်မျိုးသစ္စာ (နမ္မတူ)၊ ဒေါ်မီမီကို (မီမီကို-အလှရပ်ဝန်း)၊ ဦးဇော်အောင်ချို (မိုးစွန်ကြယ်စာပေ)၊ ဦးသိမ်းထွန်း (စစ်ရဲအိမ်)၊ စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအသင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်စာရေးဆရာအသင်း၊ တာမွေမြို့နယ် စာရေးဆရာအသင်း၊ ချောင်းဆုံမြို့နယ် စာရေးဆရာအသင်း၊ တောင်ငူမြို့နယ် စာရေးဆရာအသင်းနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ၊ ဒေါ်မြမြ (မြင်းခြံမြသိင်္ဂီ)၊ စာရေးဆရာ ကျွန်းစဉ်မြေစောခက်၊ ခရမ်းမြို့နယ် စာရေးဆရာအသင်း၊ သုံးခွမြို့နယ်စာရေးဆရာအသင်း၊ ဒဂုံမြို့နယ် စာရေးဆရာအသင်းနှင့် သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထင်ကျော်မိုး (မြေလတ်ထင်ကျော်မိုး)၊ ဒေါက်တာမြင့်ခိုင် (ဥဂ္ဂါညို)၊ ဦးအုန်း (မောင်မောင်အုန်း-လယ်ဝေး)နှင့် ဒေါ်ယုယုမော် (ရတုမြေ)တို့က ငွေကျပ်သုံးသောင်းစီ၊ သင်းသင်းလှိုင်(တပ်ကုန်း)က ငွေကျပ်နှစ်သောင်း၊ ဉာဏ်လင်း(တပ်ကုန်း)၊ ဦးသိန်းဝင်းမြင့်(မြကျောက်အေးချမ်း)၊ အောင်မြတ်နိုင် (တပ်ကုန်း)၊ ကြယ်စင်မင်း (တပ်ကုန်း) နှင့် မြပုလဲ(တပ်ကုန်း)တို့က ငွေကျပ်တစ်သောင်းစီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးစိုးဝင်း (တက္ကသိုလ် စိုးယဉ်)က ငွေကျပ် ၅၂၆၃၀ဝ တန်ဖိုးရှိ စာအုပ်များ အသီးသီးလှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေလှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်း လမ်း(အလယ်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်