Skip to main content

ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကန်လူကူးသံကူကွန်ကရစ်တံတားတည်ဆောက်မှုနှင့် ကျိုင်းတုံ-လွိုင်မွေသွားကားလမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု

နေပြည်တော် ဒီဇင်ဘာ ၁၉

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)က တာဝန်ယူဆောက်လုပ်လျက်ရှိသော လွိုင်မွေဒေသ၊ လွိုင်မွေကန်ရှိ အရှည် ၃၅၀ ပေ အကျယ် ၈ ပေ ၁၀ လက်မရှိ လူကူးသံကူကွန်ကရစ် တံတားတည်ဆောက်နေမှုအား ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ တံတားအား ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ မှစ၍ ဆောက်လုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အရှည် ၁၉ မိုင် ၃ ဖာလုံရှိ ကျိုင်းတုံ-လွိုင်မွေသွားကားလမ်းအား ရေရှည်တည်တံ့ကောင်းမွန်စေရန်နှင့် တောင်တက်လမ်းများ ချောမွေ့စွာသွားလာနိုင်ရေးအတွက် အကျယ် ၁၂ ပေမှ အကျယ် ၁၈ ပေရှိ ကတ္တရာလမ်းတိုးချဲ့အဆင့်မြှင့်တင်ခြင်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။