နေပြည်တော် ဒီဇင်ဘာ ၁၈
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ပွဲစဉ်များ၏ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာအားကစားကွင်းနှင့် အားကစားရုံများ၌ကျင်းပကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ရိုးရာခြင်းလုံးပြိုင်ပွဲပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် အရုပ်များပေးအပ်ချီးမြှင့်ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘိလိယက်ရုံ၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က Billiards Single ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က Billiards Double ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က Snooker 15 Red Single ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကရင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက Snooker 15 Red Double ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ကရာတေးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ကရာတေး ရုံ၌ကျင်းပရာ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်က အမျိုးသမီး(၆၁ ကီလို) တစ်ဦးချင်းကုမိတဲ့ ပြိုင်ပွဲတွင်ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အမျိုးသား(-၅၅ ကီလို) တစ်ဦးချင်း ကုမိတဲ့ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား(-၇၅ ကီလို) တစ်ဦးချင်းကုမိတဲ့ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းက အမျိုးသမီး (-၆၁ ကီလို) တစ်ဦးချင်း ကုမိ တဲ့ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်၊ ပူးတွဲတတိယဆုရရှိကြသည့် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား(၇၅ ကီလို) တစ်ဦးချင်းကုမိတဲ့ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပူးတွဲတတိယဆုရရှိကြသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အမျိုးသမီး (-၅၅ ကီလို) တစ်ဦးချင်းကုမိတဲ့ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရခိုင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ကယားပြည်နယ်၊ ပူးတွဲတတိယဆုရရှိကြသည့် ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား(-၆၇ ကီလို) တစ်ဦးချင်းကုမိတဲ့ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ကယားပြည်နယ်၊ ပူးတွဲတတိယဆုရရှိကြသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ရခိုင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိမ်းက အမျိုးသမီး (-၅၀ ကီလို) တစ်ဦးချင်းကုမိတဲ့ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား(-၆၀ ကီလို)တစ်ဦးချင်း ကုမိတဲ့ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရခိုင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက အမျိုးသမီးတစ်ဦးချင်း ခတပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကယားပြည်နယ်၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း ခတပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ကယားပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က အမျိုးသမီးအသင်းလိုက် ခတပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားအသင်းလိုက် ခတပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်၊ ပူးတွဲတတိယဆုရရှိကြသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရွှေကြာပင်အားကစားကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပြိုင်ပွဲကျင်းပရေးခုံသမာဓိအဖွဲ့ဝင် ဦးဘန်နီတင်အောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးဇေယျာလင်း၊ ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်တို့က နေရာအလိုက် အကောင်းဆုံးဆုရရှိကြသူများကို တစ်ဦးချင်းအကောင်းဆုံး ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးကြည်က တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန် ဦးကျော်ဆန်းက ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပထမဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြု ဆုတံဆိပ်နှင့်အမျိုးသားအားကစား ပွဲတော်အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ဝူရှူးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ရွှေကြာပင်အားကစားကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အမျိုးသမီးထိုက်ချိချွမ် + ထိုက်ချိကျန့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က အမျိုးသားထိုက်ချိ ချွမ် + ထိုက်ချိကျန့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က အမျိုးသမီးသောင်းစု + ကွန့်စု ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်က အမျိုးသားသောင်းစု + ကွန့်စု ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားကျန့်စု + ချန်းစုပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အမျိုးသမီး (၄၅) ကီလိုတန်းအတိုက် ပြိုင်ပွဲတွင်ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်၊ ပူးတွဲတတိယဆုရရှိကြသည့် ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသမီး(၅၆) ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ပူးတွဲတတိယဆုရရှိကြသည့် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားနည်းများအလိုက် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ဒီဇင်ဘာ ၁၉ ရက်တွင် သက်ဆိုင်ရာအားကစားရုံများနှင့် အားကစားကွင်းများ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်