Skip to main content

ပေါက်မြို့နယ်၊ စပါးမျှောကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များကဝင်ရောက်စီးနင်းပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်သွားကြောင်း မဟုတ်မမှန်ရေးသားဖြန့်ဝေ

နေပြည်တော် ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ စပါးမျှောကျေးရွာအား ဒီဇင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်သွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုက်မမှန်ရေးသားဖြန့်ဝေနေကြောင်း သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အကြမ်းဖက်သမားများအနေဖြင့် လက်နက်အားကိုး၍ မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ ဆက်ကြေးကောက်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ဆက်ကြေးမပေးနိုင်သည့် ဒေသခံပြည်သူများနှင့် ၎င်းတို့အပေါ်အားပေးထောက်ခံမှုမရှိသည့် ရဟန်းသံဃာများ၊ အစိုးရဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်နှိပ်စက်သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင် အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက ပြည်သူများအေးချမ်းစွာနေထိုင်ရန်အတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန်နှင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ပေးရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်လွဲမှားမှုရှိသည့် သတင်းများဖြင့် လုပ်ကြံဖန်တီးရေးသားနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။