Skip to main content

မုံရွာမြို့နယ်၊ ဂေါကြီးကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ ၅ဝ ဦးတို့ကို ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဂေါကြီးကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ ၅၀ ဦးတို့ကို ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား၍ ဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ PDF အမည်ခံအကြမ်းဖက်သမားများက မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်းများကြောင့် ဒေသခံပြည်သူများအနေဖြင့် ယာယီနေရပ်စွန့်ခွာနေရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိုသို့အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ မလုပ်ဆောင်နိုင်စေရန် လိုအပ်သောနယ်မြေလုံခြုံရေးလုပ်ငန်းများကို ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းများမရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများသည် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် ယခုကဲ့သို့အခြေအမြစ်မရှိသည့် သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။