နေပြည်တော် ဒီဇင်ဘာ ၁၆
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပရာ အမျိုးသား/အမျိုးသမီး မာရသွန်အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး သံပြားဝိုင်း ပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၅၀၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ တန်းကျော် အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးမီတာ ၁၀၀ အပြေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပြီး ပထမ၊ ဒုတိယနှင့်တတိယဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးဝူရှူးပြိုင်ပွဲကို ရွှေကြာပင်အားကစားရုံ၌ကျင်းပရာ အမျိုးသား/အမျိုးသမီး ချန်းချွမ် ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး နန်းချွမ်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့်တတိယ ဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့ပြင် အမျိုးသားထိုက်ချိချွမ်ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ကောင်းသုတက ပထမ၊ ပဲခူးတိုင်းဒေသကြီးမှ ခေတ်မင်းခန့်က ဒုတိယ၊ မကွေးတိုင်းဒေသကြီးမှ လွှမ်းထက်အောင်က တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးထိုက်ချိချွမ်ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ နဒီမြင့်မိုရ်အောင် ကပထမ၊ မန္တလေးတိုင်းဒေသကြီးမှ ဖူးဝေကိုက ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးမှ သက်လမင်းနွေးက တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
ယှဉ်ပြိုင်ကစား
ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဘော်လီဘောပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းဘော်လီဘောရုံ၌ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ကာကွယ်ရေဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအသင်းကို ၃ ပွဲ - ၁ပွဲ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အသင်းကို ၃ ပွဲ - ၁ ပွဲ၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲ ပြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ကရာတေးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း TC-1 ကရာ တေးရုံ၌ကျင်းပရာ အမျိုးသားတစ်ဦးချင်း “ခတ” ပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ မင်းနိုင်ငြိမ်းက ပထမ၊ ကယားပြည်နယ်မှ နိုင်လင်းထွဋ်က ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပိုင်သက်ထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ဘုန်းမြတ်ပိုင်စိုးတို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း “ခတ” ပြိုင်ပွဲတွင် ကယားပြည်နယ်မှ မျိုးရတနာဦးက ပထမ၊ စစ်ကိုင်း တိုင်းဒေသကြီးမှ ကြည်နူးကဋေကျော်က ဒုတိယ၊ ရန်ကုန်တိုင်း ဒေသကြီးမှ ဆုမြတ်သူနှင့် ကချင်ပြည်နယ်မှ လင်းစန္ဒာဌေးတို့က ပူးတွဲတတိယဆုကို လည်းကောင်းရရှိခဲ့ကြသည်။
အမျိုးသားအသင်းလိုက် “ခတ” ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမ၊ ရှမ်းပြည်နယ်အသင်းက ဒုတိယ၊ ကချင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့က ပူးတွဲတတိယဆုကိုလည်ကောင်း၊ အမျိုးသမီး “ခတ” ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဒုတိယ၊ ရှမ်းပြည်နယ် အသင်းနှင့်ကယားပြည်နယ်အသင်းတို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသမီး ၆၁ ကီလိုအထက် “ကုမိတဲ့” ပြိုင်ပွဲ တွင် မကွေးတိုင်းဒေသကြီးမှ ပန်းအိဖြူက ပထမ၊ မန္တလေးတိုင်းဒေသကြီးမှ အိအိမိုးက ဒုတိယ၊ ကယားပြည်နယ်မှ ခရစ္စတင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ဆောင်းနှင်းဖြူတို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသား ၅၅ ကီလိုအောက် “ကုမိတဲ့” ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ အာကာဗိုလ်က ပထမ၊ ရှမ်းပြည်နယ်မှ ဇွဲထက်အောင်က ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးမှ နိုင်သိန့်ရှင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည့်ဖြိုးအောင်တို့က ပူးတွဲတတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံ၌ကျင်းပရာ အမျိုးသား/အမျိုးသမီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်များကို ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများကဝင်ရောက် ယှဉ်ပြိုင်ကြသည်။
ဆုပေးအပ်ချီးမြှင့်
ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘိလိယက်ရုံ၌ကျင်းပရာ စနူကာ 6 – Red တစ်ဦးချင်းပြိုင်ပွဲ၊ စနူကာ 6-Red နှစ်ယောက်တွဲ ပြိုင်ပွဲ၊ 9 Ball Pool တစ်ဦးချင်း ပြိုင်ပွဲ၊ 9 Ball Pool နှစ်ယောက်တွဲ ပြိုင်ပွဲဗိုလ်လုပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့်ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
စနူကာ 15 – Red တစ်ဦးချင်း ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်တွင် မကွေးတိုင်းဒေသကြီးမှ ကျော်ဝေယံစိုးက ကချင်ပြည်နယ်မှ သက်ပိုင်ထက်ကို ၃ ပွဲပြတ်၊ ကရင်ပြည်နယ်မှ မျိုးသူရအောင်က ဧရာဝတီတိုင်းဒေသကြီးမှ စိုးမိုးကို ၃ပွဲပြတ်၊ ကရင်ပြည်နယ်မှ သက်မှူးကြည်လှိုင်က ဧရာဝတီတိုင်းဒေသကြီးမှ ရဲထွဋ်ဦးကို ၃ ပွဲပြတ်၊ မကွေးတိုင်းဒေသကြီးမှ ကောင်းဈာန်ထက်က ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုအောင်ကို ၃ ပွဲ - ၁ပွဲ ဖြင့် လည်းကောင်း၊ ဘိလိယက်နှစ်ယောက်တွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ပွဲ-၁ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၃ပွဲ - ၁ပွဲဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
စနူကာ 15 – Red နှစ်ယောက်တွဲပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ- ၁ပွဲ၊ မကွေးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ၃ပွဲ - ၁ပွဲဖြင့် အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီးစားပွဲတင် တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ကျင်းပရာ အမျိုးသားတင်းနစ်ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၃ပွဲ - ၁ပွဲ ဖြင့်လည်းကောင်း၊ အမျိုးသမီးစားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၃ပွဲ -၂ ပွဲ ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီး အသင်း ကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း (၃/၄) ၌ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၂ဂိုး- ၁ဂိုး၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၇ ဂိုး - ၆ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ၂ ဂိုး - ၁ ဂိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းကို ၃ ဂိုး - ဂိုးမရှိ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန အသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ၁ ဂိုး - ဂိုးမရှိ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ၇ဂိုး - ၅ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ပထမအဆင့် ရှုံးထွက်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအား ကစားကွင်းဖူဆယ်ရုံ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း ကို ၄ ဂိုး- ၁ ဂိုး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာန အသင်းကို ၇ ဂိုး- ၁ ဂိုး ၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ၄ ဂိုး - ၂ ဂိုး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို ၉ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ကျင်းပရာ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲ - ၁ ပွဲ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲ - ၁ပွဲ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်းလိုက်တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို တင်းနစ်ကွင်း (ဗဟို) ၌ကျင်းပရာ အမျိုးသားတင်းနစ်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၂ ပွဲ - ၁ ပွဲ၊ ပဲခူးတိုင်း ဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြ သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း အလေးမပြိုင်ပွဲရုံ၌ကျင်းပရာ အမျိုးသား ၈၁ ကီလိုတန်းပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ ခွန်မောင်ခင်က ပထမ၊ ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ရွှေထက်က ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးမှနေလင်းဦးက တတိယ၊ အမျိုးသား ၈၉ ကီလိုတန်းပြိုင်ပွဲတွင် စစ်ကိုင်း တိုင်းဒေသကြီးမှ ခိုင်မျိုးဦးက ပထမ၊ ဧရာဝတီတိုင်းဒေသကြီးမှ ဖြိုးဝေလင်းက ဒုတိယ၊ မကွေးတိုင်းဒေသကြီးမှ ဝင်းသက်ထူးက တတိယဆုကိုလည်းကောင်း ရရှိ ခဲ့ကြသည်။
ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်း အလိုက်အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
သတင်းစဉ်