Skip to main content

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

နေပြည်တော် ဒီဇင်ဘာ ၁၅

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ အမျိုးသား/အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့်တတိယ ဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဘော်လီဘောပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘော်လီဘောရုံ၌ ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို ၃ပွဲပြတ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ၃ပွဲပြတ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို ၃ ပွဲပြတ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အသင်းကို ၃ ပွဲပြတ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲ -၂ ပွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်း ကို ၃ ပွဲပြတ်၊ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ၃ပွဲ-၁ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို ၃ပွဲပြတ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ပထမအဆင့် ရှုံးထွက်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ရုံ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို ၁၁ဂိုး-ဂိုး မရှိ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို ၅ ဂိုး- ၃ဂိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို ၁၂ဂိုး - ၁ဂိုး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုတရားလွှတ်တော်အသင်းကို ၂၅ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲ- ၁ပွဲ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ စက်မှုဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို ၂ပွဲ-၁ပွဲ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ စွမ်းအင်ဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲ -၁ ပွဲ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို ၂ပွဲပြတ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာအသင်းကို ၂ ပွဲပြတ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စု ရာထူးဝန်အသင်းကို ၂ ပွဲပြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာန အသင်းကို ၂ပွဲပြတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စက်မှုဝန်ကြီးဌာနအသင်းကို ၂ပွဲ ပြတ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲ ပြတ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို ၂ပွဲ - ၁ပွဲ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို ၂ပွဲပြတ်ဖြင့်လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသင်းကို ၂ ပွဲ ပြတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ၂ပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းကို ၂ ပွဲပြတ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းက ပြည်ထောင်စုရာထူးဝန်အသင်းကို ၂ ပွဲပြတ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ၂ပွဲပြတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ စက်မှုဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို ၂ပွဲ ပြတ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းကို ၂ပွဲ-၁ ပွဲ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသင်းကို ၂ပွဲ - ၁ပွဲ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအသင်းကို ၂ပွဲပြတ်ဖြင့်လည်း ကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C ) ရုံ၌ ကျင်းပရာ အမျိုးသား/ အမျိုးသမီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များကို ပြည်နယ် နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အားစားသမားများက ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်/စနူကာပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘိလိယက်ရုံ၌ ကျင်းပရာ စနူကာ 6 Red တစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ရဲထွဋ်နိုင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ချမ်းမင်းကျော် ကို ၃ ပွဲ - ၁ ပွဲ၊ ရှမ်းပြည်နယ်မှ ဖီးအိက ဧရာဝတီတိုင်းဒေသကြီးမှ ခင်ဇော်ကို ၃ပွဲ - ၁ ပွဲဖြင့် အနိုင်ရရှိခဲ့ကြ သည်။

စနူကာ 15 Red တစ်ဦးချင်း ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်တွင် ကချင်ပြည်နယ်မှ သက်ပိုင်ထက်က ပဲခူးတိုင်းဒေသကြီးမှ ငြိမ်းပြည့်ဖြိုးကို ၃ ပွဲ- ၁ ပွဲ၊ မကွေးတိုင်းဒေသကြီးမှ ကျော်ဝေယံစိုးက ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ သော်တာမင်းကို ၃ ပွဲပြတ်၊ ကရင်ပြည်နယ်မှ မျိုးသူရအောင်က မွန် ပြည်နယ်မှ မင်းသန့်ကို ၃ ပွဲပြတ်၊ ဧရာဝတီတိုင်းဒေသကြီးမှ စိုးမိုးက ရန်ကုန်တိုင်းဒေသကြီးမှ အောင်ညီညီမောင်ကို ၃ ပွဲပြတ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ရဲထွဋ်ဦးက မန္တလေးတိုင်းဒေသကြီးမှ ကျော်ဝင်းလှိုင်ကို ၃ ပွဲပြတ်၊ ကရင်ပြည်နယ်မှ သက်မှူးကြည်လှိုင်က ကယားပြည်နယ်မှ အောင်မျိုး ထွန်းကို ၃ ပွဲပြတ်၊ မကွေးတိုင်းဒေသကြီးမှ ကောင်းဈန်ထက်က ရှမ်းပြည်နယ်မှ ရဲလင်းကို ၃ ပွဲ ပြတ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုအောင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ မင်းသျှင်ထွန်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ကျော်စွာဝင်းက မန္တလေးတိုင်းဒေသကြီးမှ အေးမင်းကို ၃ ပွဲ -၂ ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးမှ အောင်နိုင်စိုးက စစ်ကိုင်းတိုင်းဒေသကြီးမှ ကျော်ဝင်းကို ၃ ပွဲ - ၁ ပွဲ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ကျော်ဌေးက ရန်ကုန်တိုင်းဒေသကြီးမှ ဇော်လင်းနုကို ၃ ပွဲ -၂ ပွဲ၊ မကွေးတိုင်းဒေသကြီးမှ လင်းအောင်က စစ်ကိုင်းတိုင်းဒေသကြီးမှ သီဟံစိုး ကို ၃ ပွဲ -၂ပွဲဖြင့် အနိုင်ရရှိခဲ့ကြသည်။

9 Ball Pool တစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးမှ ကျော်ဇင်သန့် က ရှမ်းပြည်နယ်မှ ကမ္ဘာလင်းကို ၇ ပွဲ - ၆ ပွဲ၊ ဧရာဝတီတိုင်းဒေသကြီးမှ ရာဇာဟန်က ကချင်ပြည်နယ်မှ အောင်ကျော်မိုးကို ၇ပွဲ- ၅ပွဲဖြင့်လည်းကောင်း၊ စနူကာ 6 Red နှစ်ယောက်တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ရန်ကုန် တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၃ ပွဲ - ၁ ပွဲ၊ ကရင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို ၃ ပွဲ - ၂ ပွဲ ဖြင့်လည်းကောင်း၊ 9 Ball Pool နှစ်ယောက်တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၇ ပွဲ - ၁ပွဲ၊ ရခိုင်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ၇ပွဲ - ၆ပွဲဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ အမျိုးသား ၇၀ ကီလို အထိ ကာယဗလပြိုင်ပွဲ၊ အမျိုးသား ၇၅ ကီလိုအထိ ကာယဗလပြိုင်ပွဲ၊ အမျိုးသား ၇၅ ကီလိုအထက် ကာယဗလပြိုင်ပွဲ၊ အမျိုးသား ၁၇၀ စင်တီမီတာအထိ Sport Physique ပြိုင်ပွဲ၊ အမျိုးသား ၁၇၀ စင်တီမီတာအထက် Sport Physique ပြိုင်ပွဲ၊ အမျိုးသမီး ၁၆၀ စင်တီမီတာအထိ Model Physique ပြိုင်ပွဲ၊ အမျိုးသမီး ၁၆၀ စင်တီမီတာအထက် Model Physique ပြိုင်ပွဲ၊ အမျိုးသမီး Fitness Physique ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို တင်းနစ် ကွင်း (ဗဟို) ၌ ကျင်းပရာ အမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၃ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၃ပွဲ - ၁ ပွဲ၊ ကချင် ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲ - ၁ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ စစ်ကိုင်း တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၃ ပွဲ - ၁ ပွဲ၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ပွဲ - ၁ပွဲ၊ ကရင်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၃ပွဲ- ၂ပွဲ၊ မကွေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ပွဲ- ၁ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ ကရင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ပွဲ - ၂ ပွဲ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၃ ပွဲ -၁ ပွဲ၊ မကွေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၃ပွဲ - ၁ပွဲ၊ မွန်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ပွဲ - ၁ပွဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ပွဲ -၂ပွဲ၊ ကချင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၃ပွဲ-၁ပွဲ၊ မကွေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၃ ပွဲ -၁ပွဲ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၃ပွဲ- ၁ပွဲ၊ မွန်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ပွဲ - ၁ပွဲ၊ ပဲခူးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၃ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၃ပွဲပြတ်၊ မကွေးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်း ကို ၃ ပွဲပြတ်၊ မွန်ပြည်နယ်အသင်း က ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ပွဲ ပြတ်၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို ၃ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဘောဂဝတီအားကစားကွင်းနှင့် လယ်ဝေးမြို့နယ်အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၄ ဂိုး - ၁ ဂိုး၊ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၄ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို တင်းနစ်ကွင်း (ဗဟို) ၌ ကျင်းပရာ အမျိုးသားတင်းနစ်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို ၂ပွဲ - ၁ပွဲ၊ ပဲခူးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်၊ မန္တလေး တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ကရင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၂ ပွဲ -၁ပွဲ၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၃ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း အလေးမပြိုင်ပွဲရုံ၌ကျင်းပရာ အမျိုးသား ၇၃ ကီလိုတန်းပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဝေယံဖြိုးက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ ရှိုင်းညီညီက ဒုတိယ၊ မကွေးတိုင်းဒေသကြီးမှ ထွန်းလွင်ငြိမ်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသား ၆၇ ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ထက်ညီညီနိုင်က ပထမ၊ ရခိုင်ပြည်နယ်မှ ဆန်းထက်အောင်က ဒုတိယ၊ မွန်ပြည်နယ်မှ ထွန်းထွန်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး ၅၅ ကီလိုတန်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ ခင်သီတာရွှေက ပထမ၊ ရန်ကုန် တိုင်းဒေသကြီးမှ ဆုမြတ်မွန်က ဒုတိယ၊ မကွေးတိုင်းဒေသကြီးမှ သက်မွန်မြင့်က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြ သည်။

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

သတင်းစဉ်