Skip to main content

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

နေပြည်တော် ဒီဇင်ဘာ ၁၂

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုး သားအားကစားပွဲတော် အားကစားပြိုင်ပွဲပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပရာ အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ခိုင်မြဲအောင်က ပထမ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ နေမျိုးအောင်က ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ ဝိုင်းမင်းခန့်က တတိယဆုကိုလည်းကောင်း၊ အမျိုးသားတန်းမြင့်ခုန်ပြိုင်ပွဲတွင် ကရင်ပြည်နယ်မှ ညီညီထွန်းက ပထမ၊ မွန်ပြည်နယ်မှ မင်းမြတ်သူက ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ ရဲချစ်နိုင်က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ ထက်ကောင်းဝေက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ ထက်လင်းဦးက ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ သန်းပြည့်အောင်က တတိယဆုကိုလည်းကောင်း၊ အမျိုးသားမီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ ကောင်းဆက်ဇော်က ပထမ၊ ဧရာဝတီတိုင်းဒေသကြီးမှ ဟဲပွဲ့မှူးက ဒုတိယ၊ တနင်္သာရီတိုင်းဒေသကြီးမှ တင်မိုးအောင်က တတိယဆုကို လည်းကောင်း၊ အမျိုးသားမီတာ ၁၁၀ တန်းကျော် ပြေးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ မင်းသိင်္ခက ပထမ၊ ဧရာဝတီတိုင်းဒေသကြီးမှ သီဟနိုင်က ဒုတိယ၊ မကွေးတိုင်းဒေသကြီးမှ လပြည့်အောင်က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

အမျိုးသမီးမီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ချင်းပြည်နယ်မှ နှင်းရွှေရည်က ပထမ၊ ကယားပြည်နယ်မှ အေးအေးစံက ဒုတိယ၊ ရှမ်းပြည်နယ်မှ လွေးပိုးညိမ့်ကီက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ သုန္ဒာလွင်က ပထမ၊ ရခိုင်ပြည်နယ်မှ ရီရီဌေးက ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သိမ့်သိမ့်သူက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးမီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ နွေဦးခိုင်က ပထမ၊ တနင်္သာရီတိုင်းဒေသကြီးမှ ကေဇင်ဖြိုးက ဒုတိယ၊ မကွေးတိုင်းဒေသကြီးမှ အေးစန္ဒာမိုးက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး မီတာ ၁၀၀ တန်းကျော်ပြေးပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ ဖြူသီဦးက ပထမ၊ ရှမ်းပြည်နယ်မှ အေးသော်တာခိုင်က ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သီရိလင်းလင်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးတန်းမြင့်ခုန်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ မြတ်နိုးသူက ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည့်ဖြိုးမေက ဒုတိယ၊ တနင်္သာရီတိုင်းဒေသကြီးမှ စုမြတ်သွယ်က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ အမျိုးသား ၅၅-၆၀ ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ရဲရင့်အောင်က ပထမ၊ ဧရာဝတီတိုင်းဒေသကြီးမှ စန်းအောင်က ဒုတိယ၊ မွန်ပြည်နယ်မှ စောမိုင်းမိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ မြတ်နိုးဦးတို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသမီး ၅၀-၅၅ ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ နှင်းဦးလှိုင်က ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သဲနုခိုင်က ဒုတိယ၊ မွန်ပြည်နယ်မှ သိမ့်သိမ့်တုန်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ မြသန္တာတို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲ ဓားအတိုက်အပြပြိုင်ပွဲတွင် ကရင်ပြည်နယ်က ပထမ၊ မန္တလေးတိုင်းဒေသကြီးက ဒုတိယ၊ ရှမ်းပြည်နယ်က တတိယဆုကိုလည်းကောင်း၊ အမျိုးသားတုတ်ရှည် စွမ်းရည်ပြပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ နေဝန်းဆန်းက ပထမ၊ မန္တလေးတိုင်းဒေသကြီးမှ လှိုင်ဝင်းထက်က ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးမှ ဟိန်းသူရအောင်က တတိယဆုကိုလည်းကောင်း၊ အမျိုးသားလက်သိုင်းပြစွမ်းရည် ပြပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ နိုင်အောင်ရွှေက ပထမ၊ မကွေးတိုင်းဒေသကြီးမှ ဖြိုးငွေစိုးက ဒုတိယ၊ ရှမ်းပြည်နယ်မှ သန့်ဇင်သူက တတိယဆုကိုလည်းကောင်း ရရှိခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို သုံးပွဲ -တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအသင်းက ပထမ၊ ရှမ်းပြည်နယ် အသင်းက ဒုတိယ၊ ကရင်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းတို့က ပူးတွဲတတိယဆုတို့ကို ရရှိခဲ့သည်။

အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်အသင်းက ပထမ၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ဒုတိယ၊ ကချင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့က ပူးတွဲတတိယရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ကျင်းပရာ အမျိုးသား ၈၁ ကီလိုတန်းအောက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ကျော်ခန့်စိုးက ပထမ၊ ဧရာဝတီတိုင်းဒေသကြီးမှ ထက်အောင်ဟိန်းက ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးမှ ဇော်ပိုင်နှင့် ရှမ်းပြည်နယ်မှ စိုးသူရနောင်တို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသား ၉၀ ကီလို တန်းအောက်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ မိုးမြင့်ဦးက ပထမ၊ ဧရာဝတီတိုင်းဒေသကြီးမှ စထက်ဝေဖြိုးက ဒုတိယ၊ မွန်ပြည်နယ်မှ အဂ္ဂပိုင်ဇေနှင့် မကွေးတိုင်းဒေသကြီးမှ ချမ်းကိုကိုတို့က ပူးတွဲတတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

အမျိုးသား ၁၀၀ ကီလိုတန်း အထက်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သန့်စင်အောင်က ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဇော်လင်းဖြိုးက ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ အောင်ပိုင်ခန့်နှင့် ရှမ်းပြည်နယ်မှ ခွန်နေလင်းဟိန်းတို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသား ၁၀၀ ကီလို တန်းအောက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ကျော်ဇေထက်က ပထမ၊ ရခိုင်ပြည်နယ်မှ ဘုန်းမြတ်စံက ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သက်နိုင်ထွန်းနှင့် ရှမ်းပြည်နယ်မှ စိုးသီဟဇော်တို့က ပူးတွဲတတိယကိုလည်းကောင်းရရှိခဲ့ကြသည်။

အမျိုးသမီး ၆၃ ကီလိုတန်း အောက်ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ ဆောင်းဦးဝေက ပထမ၊ ကချင်ပြည်နယ်မှ ဘန်းတောမ်က ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးမှ ထက်ထက်လင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ မေမြတ်မွန်တို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသမီး ၇၀ ကီလိုတန်းအောက်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ နှင်းစန္ဒာထွန်းက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ လီဆောင်ဦးက ဒုတိယ၊ ကယားပြည်နယ်မှ တွယ်တာမိုးနှင့် ရှမ်းပြည်နယ်မှ နန်းနုနုခေါင်တို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသမီး ၇၈ ကီလိုတန်းအောက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ယွန်းဝတီစိုးက ပထမ၊ ပဲခူးတိုင်းဒေသကြီးမှ အိသဇင်နိုင်က ဒုတိယ၊ ရှမ်းပြည်နယ်မှ သဉ္ဇာနှင့် ကချင်ပြည်နယ်မှ သင်းသဇင်တို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသမီး ၇၈ ကီလိုတန်းအထက် ပြိုင်ပွဲတွင် ကရင်ပြည်နယ်မှ နန်းသဲနုနုစံက ပထမ၊ မန္တလေးတိုင်းဒေသကြီးမှ ကေသွယ်ဦးက ဒုတိယ၊ ကချင်ပြည်နယ်မှ မဟော်ဒေါင်းညွယ်နှင့် ချင်းပြည်နယ်မှ နန်းနွယ်နွယ်ခမ်းတို့က ပူးတွဲတတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်/စနူကာပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘိလိယက်ရုံ၌ ကျင်းပရာ စနူကာ 6 Red တစ်ဦးချင်းပြိုင်ပွဲ၊ 9 Ball တစ်ဦးချင်းပြိုင်ပွဲ၊ ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ ၊ စနူကာ 6 Red နှစ်ယောက်တွဲပြိုင်ပွဲနှင့် 9 Ball နှစ်ယောက်တွဲ ပြိုင်ပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကစားလျက်ရှိသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ ရုံ၌ကျင်းပရာ အမျိုးသား ၅၁ ကီလိုတန်းပြိုင်ပွဲတွင် ကရင်ပြည်နယ်မှ စောရွှေဝင်းက ကချင်ပြည်နယ်မှ ဘောမ်ဆောင်ကို လည်းကောင်း၊ အမျိုးသား ၅၄ ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဇော်ဇော်နိုင်က ရှမ်းပြည်နယ်မှ ရှိုင်းငယ်ကိုလည်းကောင်း၊ အမျိုးသား ၅၇ ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ လမင်းကိုကိုက ကချင်ပြည်နယ်မှ ရှိုင်းထက်ကိုကိုကိုလည်းကောင်း၊ အမျိုးသား ၆၃ ဒသမ ၅ ကီလိုတန်းပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ နုတ်မာရ်က မန္တလေးတိုင်းဒေသကြီးမှ စိုင်းနောင်ကိုလည်းကောင်း၊ အမျိုးသား ၇၁ ကီလိုတန်းပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အောင်ဇင်ထိုက်က မန္တလေးတိုင်းဒေသကြီးမှ အောင်မြင့်ထွန်းကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီး ၅၀ ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ မြမိုးသူက တနင်္သာရီတိုင်းဒေသကြီးမှ အေးအေးမူကိုလည်းကောင်း၊ အမျိုးသမီး ၅၂ ကီလိုတန်း ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ သင်းသင်းခိုင်က မန္တလေးတိုင်းဒေသကြီးမှ သက်ထားဗိုလ်ကိုလည်းကောင်း၊ အမျိုးသမီး ၅၄ ကီလိုတန်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ ထားထားနွယ်က ကရင်ပြည်နယ်မှ နန်းသန္တာသိမ့်ကိုလည်းကောင်း၊ အမျိုးသမီး ၅၇ ကီလိုတန်းပြိုင်ပွဲတွင် ချင်းပြည်နယ်မှ ကိမ်ရှမ်းဒိတ်ဆန်က ဧရာဝတီတိုင်းဒေသကြီးမှ ချမ်းပြည့်စိုးကို လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ခရစ်ကတ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းမြားပစ်ကွင်း (၁/၂)၌ကျင်းပရာ အမျိုးသား ခရစ်ကတ်ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ကရင်ပြည်နယ်အသင်းကို ၂၄ မှတ်အသာ၊ ရခိုင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ခြောက်မှတ်အသာဖြင့်လည်းကောင်း၊ အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ခြောက်မှတ်အသာ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို သုံးမှတ်အသာဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)/(၄)တို့တွင် ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့က တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို လေးဂိုး - ဂိုးမရှိ၊ မကွေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ ကျင်းပရာ မွန်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ကချင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မွန်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုအတိုက်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း တိုက်ကွမ်ဒိုရုံ၌ကျင်းပရာ အမျိုးသား ပင်း ၅၄ ကီလိုတန်းအောက်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ထွန်းလင်းအောင်က စစ်ကိုင်းတိုင်းဒေသကြီးမှ ကြည်ဝေယံကိုလည်းကောင်း၊ ရခိုင်ပြည်နယ်မှ နေစိုးရှိန်က ပဲခူးတိုင်းဒေသကြီးမှ ထက်ဝေကျော်ကိုလည်းကောင်း၊ ချင်းပြည်နယ်မှ ဉာဏ်လင်းထက်က တနင်္သာရီတိုင်းဒေသကြီးမှ ထက်မြတ်ထွန်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ သုတမောင်က ဧရာဝတီတိုင်းဒေသကြီးမှ အောင်ဟိန်းခန့်ကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ လင်းထက်အောင်က ကရင်ပြည်နယ်မှ ဝေယံမိုးအောင်ကိုလည်းကောင်း၊ မွန်ပြည်နယ်မှ ဝေလင်းထွန်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဝေဠုကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသားဖလိုင်း (၅၄-၅၈)ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ စွမ်းနောင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဝေဠုကျော်ကိုလည်းကောင်း၊ ကချင်ပြည်နယ်မှ ဇော်ဝဏ္ဏထွန်းက တနင်္သာရီတိုင်းဒေသကြီးမှ ဈာန်လွှမ်းထူးကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ ငြိမ်းကိုကိုက မကွေးတိုင်းဒေသကြီးမှ ရှိုင်းထက်အောင်ကိုလည်းကောင်း၊ ကယားပြည်နယ်မှ အောင်ဖြိုးမင်းက ချင်းပြည်နယ်မှ ရဲမင်းဦးကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ စောဘာကလူဒိုက မန္တလေးတိုင်းဒေသကြီးမှ ရဲသွင်ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်မှ ဖြိုးထူးကျော်က စစ်ကိုင်းတိုင်းဒေသကြီးမှ အောင်ကျော်ဇင် ကိုလည်းကောင်း၊ ကရင်ပြည်နယ်မှ စံလင်းက မွန်ပြည်နယ်မှ အောင်မင်းဖြိုးကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီးပင်း (၄၆) ကီလိုတန်းအောက်ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ ထွေးထွေးမာက ကရင်ပြည်နယ်မှ အေးမြတ်သူကိုလည်းကောင်း၊ ကချင်ပြည်နယ်မှ ဂျာဒန်ဆိုင်းက ချင်းပြည်နယ်မှ မေသော်သော်ခိုင်ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ အိသဇင်က မွန်ပြည်နယ်မှ ကြယ်စင်သော် ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ကတ်သရင်းက စစ်ကိုင်းတိုင်းဒေသကြီးမှ စုဝတီကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ သူသူဟန်က ရခိုင်ပြည်နယ်မှ မိုးအိဖြူကိုလည်းကောင်း၊ ကယားပြည်နယ်မှ ဒီးမြာက ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဝေဝေချိုကိုလည်းကောင်း အနိုင်ရရှိခဲ့သည်။

အမျိုးသား ပင်း ၅၄ ကီလို အောက်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ကချင်ပြည်နယ်မှ ထွန်းလင်းအောင်က ကယားပြည်နယ်မှ ကျော်ဇေယျာဖြိုးကိုလည်းကောင်း၊ ချင်းပြည်နယ်မှ ဉာဏ်လင်းထက်က ရခိုင်ပြည်နယ်မှ နေစိုးရှိန်ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ စောရန်ထူးက ရန်ကုန်တိုင်းဒေသကြီးမှ သုတမောင် ကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ လင်းထက်အောင်က မွန်ပြည်နယ်မှ ဝေလင်းထွန်းကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသား ဖလိုင်း (၅၄-၅၈) ကီလိုတန်းပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ရှိုင်းရဝေဖြိုးက ရန်ကုန်တိုင်းဒေသကြီးမှ စွမ်းနောင်ကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ ငြိမ်းကိုကိုက ကချင်ပြည်နယ်မှ ဇော်ဝဏ္ဏထွန်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ စောဘာကလူဒိုက ကယားပြည်နယ်မှ အောင်ဖြိုးမင်းကိုလည်းကောင်း၊ ရခိုင်ပြည်နယ်မှ ဖြိုးထူးကျော်က ကရင်ပြည်နယ်မှ စံလင်းကိုလည်းကောင်း၊ အမျိုးသမီးပင်း (၄၆) ကီလိုတန်းအောက် ကွာတားဖိုင်နယ်ပွဲစဉ်တွင် မကွေးတိုင်းဒေသကြီးမှ ထွေးထွေးမာက တနင်္သာရီတိုင်းဒေသကြီးမှ သဇင်သန့်ကိုကို ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ အိသဇင်က ကချင်ပြည်နယ်မှ ဂျာဒန်ဆိုင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ အေးနှင်းဖြူက ပဲခူးတိုင်းဒေသကြီးမှ ကတ်သရင်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ သူသူဟန်က ကယားပြည်နယ်မှ ဒီးမြာကိုလည်းကောင်း အနိုင်ရရှိခဲ့သည်။

အမျိုးသားပင်း ၅၄ ကီလိုအောက် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ကချင်ပြည်နယ်မှ ထူးလင်းအောင်က ချင်းပြည်နယ်မှ ဉာဏ်လင်းထက်ကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ လင်းထက်အောင်က မန္တလေးတိုင်းဒေသကြီးမှ စောရန်ထူးကိုလည်းကောင်း အနိုင်ရရှိခဲ့သည်။

အမျိုးသားဖလိုင်း (၅၄-၅၈)ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ဧရာဝတီတိုင်းဒေသကြီးမှ ရှိုင်းရဝေဖြိုးက ရှမ်းပြည်နယ်မှ ငြိမ်းကိုကိုကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ စောဘာကလူဒိုက ရခိုင်ပြည်နယ်က ဖြိုးထူးကျော်ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီး ပင်း ၄၆ ကီလိုတန်းအောက် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မကွေးတိုင်းဒေသကြီးမှ ထွေးထွေးမာက မန္တလေးတိုင်းဒေသကြီးမှ အိသဇင်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ သူသူဟန်က ရှမ်းပြည်နယ်မှ အေးနှင်းဖြူကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး စာပွဲတင်တင်းနစ်ပြိုင်ပွဲအုပ်စု ပတ်လည်ပွဲစဉ်များကို တင်းနစ်ကွင်း(ဗဟို)၌ကျင်းပရာ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ကရင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်၊ မကွေးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို သုံးပွဲပြတ်၊ ချင်းပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို သုံးပွဲ ပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘော်လီဘောရုံ၌ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို သုံးပွဲ - နှစ်ပွဲ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို သုံးပွဲ-နှစ်ပွဲ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းက ပြန်ကြားရေးအသင်းကို သုံးပွဲ-တစ်ပွဲဖြင့် လည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ခုနစ်ဂိုး - ဂိုးမရှိ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို သုံးဂိုး-တစ်ဂိုး၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ရုံ၌ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာနအသင်းကို လေးဂိုး-ဂိုးမရှိ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို ခုနစ်ဂိုး-နှစ်ဂိုး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို လေးဂိုး - နှစ်ဂိုး၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုစာရင်းစစ်ချုပ်အသင်းကို ခြောက်ဂိုး - နှစ်ဂိုး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်းကို ၂၄ ဂိုး- ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း နှစ်ယောက်တွဲပြိုင်ပွဲအုပ်စုပတ်လည် ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီး ဌာနအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို နှစ်ပွဲပြတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက စက်မှုဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲ- တစ်ပွဲ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းကစွမ်းအင်ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသင်းကို နှစ်ပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို နှစ်ပွဲပြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ယနေ့အချိန်အထိ အဆင့်လိုက်ရပ်တည်မှုအနေဖြင့် ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲများတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ရွှေနှစ်ခု၊ ငွေတစ်ခုဖြင့် အဆင့်(၁)နေရာတွင်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနက ရွှေနှစ်ခု၊ ကြေးတစ်ခုဖြင့် အဆင့် (၂) နေရာတွင်လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေနှစ်ခုဖြင့် အဆင့်(၃)နေရာတွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ရွှေ ၂၆ ခု၊ ငွေ ၁၁ ခု၊ ကြေး ၁၁ ခု ဖြင့် အဆင့်(၁) နေရာတွင်လည်းကောင်း၊ ရှမ်းပြည်နယ်မှ ရွှေ ၁၃ ခု၊ ငွေ ၁၄ ခု၊ ကြေး ၂၂ ခု ဖြင့် အဆင့်(၂)နေရာတွင်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ရွှေ ၁၁ ခု၊ ငွေ ခြောက်ခု၊ ကြေး ၁၀ ခု ဖြင့် အဆင့်(၃)နေရာတွင်လည်းကောင်း ရပ်တည်လျက်ရှိသည်။

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက်အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

သတင်းစဉ်