Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် စာရင်းစစ်/စာရင်းကောက်ဆရာ ဆရာမများနှင့် မြို့နယ်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

နေပြည်တော် ဒီဇင်ဘာ ၁၁

၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် စာရင်းစစ်/စာရင်းကောက်ဆရာ ဆရာမများနှင့် မြို့နယ်၊ ကျေးရွာအုပ်စုသန်းခေါင်စာရင်းကော်မတီတို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဦးစွာ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် စာရင်းစစ်/ စာရင်းကောက်ဆရာ ဆရာမများနှင့် မြို့နယ်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရောက်အမှာစကားပြောကြားပြီး စက်ချုပ်နည်းပညာသင်တန်းအတွက် ချီးမြှင့်ငွေများနှင့် သင်တန်းသုံးပစ္စည်းများကို တာဝန်ရှိသူများနှင့် သင်တန်းသူများအား ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်