Skip to main content

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၂၂) သင်တန်းဖွင့်

ရန်ကုန် ဒီဇင်ဘာ ၉

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ်ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

အမှာစကားပြောကြား

အခမ်းအနားသို့ ပါမောက္ခချုပ်၊   ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၂၂) သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၈၉ ဦး၊ သင်တန်းသူ ၁၀၄ ဦး စုစုပေါင်း ၁၉၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ၁၀ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်