Skip to main content

စာပေဗိမာန်စာအုပ်အသင်း စာအုပ်ဖြန့်ချိ

နေပြည်တော် ဒီဇင်ဘာ ၉

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု၊ စာပဒေသာ ဒုတိယဆုရ “အောင်ဘ(အုတ်ဖို)” ရေးသားသည့် “လူဆိုးပြေးတော့ လူကောင်းရောက်ပြီ” စာအုပ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ  အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်း ဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ စာတိုက်မှတစ်ဆင့် ပေးပို့လျက်ရှိသည်။

ဆက်သွယ်နိုင်

စာပေဗိမာန်စာအုပ်အသင်းဝင်လိုပါက အတွင်းရေးမှူး စာပေဗိမာန်စာအုပ်အသင်းအမှတ် (၅၂၉/ ၅၃၁)ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း -၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈ သို့ လိပ်မူ၍ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်