နေပြည်တော် ဒီဇင်ဘာ ၆
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်သည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကိုယ်စားပြု အားကစားသမားများအား ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်သည်။
ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်
ဦးစွာ ဒုတိယဥက္ကဋ္ဌက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို လိုအပ်သည်များမှာကြား၍ အားပေးစကားပြောကြားပြီး အားကစားအသင်းအလိုက် အသင်းခေါင်းဆောင်များနှင့် တာဝန်ရှိသူများကို ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘော်လီဘော(အမျိုးသား)အသင်းနှင့် ပိုက်ကျော်ခြင်း(အမျိုးသား)အသင်းများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်