၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့မှ (၇)ရက်နေ့အထိ ပါရာဂွေးသမ္မတနိုင်ငံ၊ အာဆွန်စီယွန်မြို့တွင် ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် “Inter-governmental Committee for the Safeguarding of the Intangible Cultural Heritage” အစည်းအဝေးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ဆုံးဖြတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသော မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အားလည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ပုဂံအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၊ ဗိုလ်တထောင်ကျိုက်ဒေး အပ်ဆံတော်ဦးစေတီတော်ဂေါပကအဖွဲ့၊ ပုဂံမြို့ အာနန္ဒာမြတ်စွာဘုရားကြီး၏ ဘဏ္ဍာထိန်းဂေါပကအဖွဲ့၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ ဗိုလ်တထောင်မြို့နယ်၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီအစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းပုအစည်းအရုံး၊ ဝိသာခါဖောင်ဒေးရှင်း၊ TMW Enter prise Limited၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် (ရန်ကုန်)၊ မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီး စောင့်ရှောက်ရေးအဖွဲ့ (ဗဟန်းမြို့နယ်)၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြင့်မြတ်သူ စေတနာသွေးလှူရှင်အသင်း၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းနှင့် အသင်းအဖွဲ့များ၊ ကူညီပံ့ပိုးသူများအားလုံးတို့အားလည်းကောင်း၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွက် လိုအပ်သည့် သင်္ကြန်မှတ်တမ်းများနှင့် နောက်ခံစကားပြော ပံ့ပိုးကူညီဆောင်ရွက်ပေးသော ပြန်ကြားရေးဝန်ကြီးဌာနနှင့် Living Myanmar Media Group အားလည်းကောင်း၊ အဆိုပြုစာတွဲများတင်သွင်းရာတွင် လိုအပ်သည့် ဘာသာပြန်ဆိုဆောင်ရွက် ပေးခဲ့သော ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ပြင်သစ်ဘာသာဌာနအား လည်းကောင်း၊ အဆိုပြု စာတွဲတင်သွင်းရေးအတွက် သတင်းနှင့်နည်းပညာအချက်အလက်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအားလည်းကောင်း၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စတင်ခဲ့ကြသည့် ပုဂံခေတ်ကာလမှယနေ့အထိ လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြသည့် မြန်မာပြည်သူ၊ ပြည်သား အပေါင်းတို့အားလည်းကောင်း၊ ဤစာဖြင့်ဖော်ပြရာ တွင် မပါဝင်ခဲ့သော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ ကူညီဆောင်ရွက်ပေးသူများ အားလုံးတို့ကို လည်းကောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အထူးပင်ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန