Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr.Abhay Thakur ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၅

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr.Abhay Thakur ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား သမိုင်းကြောင်းအစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ဘုံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများအလိုက်တည်ရှိပြီး နှစ်နိုင်ငံယန္တရားများမှတစ်ဆင့် ခိုင်မာစေရေးနှင့် နှစ်နိုင်ငံအကျိုးရှိစေမည့်ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ရင်းနှီးပွင့်လင်း၍ အပြုသဘောဆောင်စွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။    

သတင်းစဉ်