Skip to main content

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်စီမံကိန်း၊ စက်ရုံနှင့် စက်မှုသင်တန်းကျောင်းတို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၄

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ အမှတ် ၄) ထည်စက်ရုံ (ပွင့်ဖြူ)  ရောက်ရှိပြီး စက်ရုံမှူးနှင့် တာဝန်ရှိသူများအားတွေ့ဆုံရာ စက်ရုံမှူးက စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက စက်ရုံမှထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီစေရေးအတွက် အရည်အသွေးစီမံခန့်ခွဲမှုစနစ်များ ထူထောင်ထားရှိရန်နှင့် ဈေးကွက်သုတေ သနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်မှာကြားကာ ဝန်ထမ်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ထောက်ပံ့ငွေ များပေးအပ်ပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ဖော်ဆောင်လျက်ရှိသည့် မကွေးစက်မှုဇုန်သို့ ရောက်ရှိပြီး မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးက စက်မှုဇုန်ဖော်ဆောင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းတိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြား သည်။

ယင်းနောက် အမှတ် (၅) က်မှုသင်တန်းကျောင်း (မကွေး) သို့ရောက်ရှိပြီး ဆိုင်ကယ်ပြုပြင်ခြင်း ကာလတိုအခြေပြု သုံးလသင်တန်း အလုပ်ရုံခန်းမ၌ သင်တန်းဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သင်တန်းကျောင်းမှ နည်းပြဆရာဆရာမများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်များကို ကျွမ်းကျင်တတ်မြောက်အောင် ကြိုတင်လေ့လာဆည်းပူး၍ သင်တန်းသားများကို အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးပြီး သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်