Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၄

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၅) နေပြည်တော် လောကနတ်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ဆွေးနွေး

တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာများကို အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အော်သိုဒေါ့ဘုရားကျောင်းတည်ဆောက်ရေးဆိုင်ရာ နှစ်နိုင်ငံအကြား သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား လေကြောင်း ခရီးစဉ်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဘာသာရေးနှင့် ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်ရေး ကမ်းလှမ်းလာမှုအပေါ် ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရိုးရာယဉ်ကျေးမှုများ အပြန်အလှန်လေ့လာဖလှယ်နိုင်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိသူများတက်ရောက်ကြသည်။

သတင်းစဉ်