နေပြည်တော် ဒီဇင်ဘာ ၄
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင် ယှဉ်ပြိုင်ကြမည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကိုယ်စားပြု အားကစားသမားများအားအောင် နိုင်ရေးအလံ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားအသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ရာတွင် အနိုင်အရှုံးကို အဓိကမထားဘဲ အားကစားနည်းအလိုက် အားကစား စိတ်ဓာတ်အပြည့်အဝထားရှိ၍ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားသမား အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် သတ်မှတ်ထားသည့် အားကစားနည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်စေရေး အကောင်းဆုံးကြိုးစားသွားကြစေလိုကြောင်း ပြောကြားပြီး အားကစားအသင်းများ၏ အဖွဲ့ခေါင်းဆောင်ကို အောင်နိုင်ရေးအလံပေးအပ်ကာ အားကစားပစ္စည်း၊ ဆေးဝါးနှင့်အားဖြည့်အစားအစာများကို ဆက်လက်ပေးအပ်ရာ အားကစားနည်းအလိုက် အသင်းခေါင်းဆောင်များကလက်ခံရယူကြသည်။
ပဉ္စမအကြိမ် အမျိုးသား အားကစား ပွဲတော်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ပြေးခုန်ပစ် (အမျိုးသား/အမျိုး သမီး)၊ ဖူဆယ်(အမျိုးသား)၊ တန်းကျော်ပြေး (မီတာ ၂၀၀၊ မီတာ ၄၀၀)၊ သံလုံးသံပြားဝိုင်းပစ်နှင့်အပြေး (မီတာ ၂၀၀) စသည့် အားကစားနည်းများတွင်အား ကစားအဖွဲ့ဝင် ၂၂ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်