Skip to main content

မော်လမြိုင်ကျွန်းတွင် အမျိုးသားများရှိသည့် နေအိမ်များကို ကျပ်ငွေတစ်သိန်းမှစတင်ကာ ကျေးရွာရာအိမ်မှူးက ငွေကြေးကောက်ခံလျက်ရှိကြောင်း မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မဘေကျေးရွာအုပ်စု၊ ကွင်းချောင်းကြီးကျေးရွာတွင် ကျေးရွာရာအိမ်မှူးက တပ်နှင့်ပေါင်းကာ အမျိုးသားများရှိသည့် နေအိမ်များကို ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေများတောင်းယူလျက်ရှိကြောင်း မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မော်လမြိုင်ကျွန်းမြို့နယ်မှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ထားသော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိပြီး ငွေကြေးတောင်းခံခြင်း၊ အဓမ္မဖိအားပေးစုဆောင်းခြင်းများ လုပ်ဆောင်မှုမရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းဆောင်ရွက်နေမှုအပေါ် ပြည်သူလူထုကို သွေးထိုးလှုံ့ဆော်လျက်ရှိပြီး ပြည်သူလူထုမှ လိုက်ပါဆောင်ရွက်မှုမရှိစေရေး၊ အစိုးရနှင့် တပ်မတော်အပေါ် ပြည်သူလူထု၏ ထောက်ခံမှုကျဆင်းစေရေး သတင်းအမှားများကို ဝါဒဖြန့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။