နေပြည်တော် နိုဝင်ဘာ ၂၅
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်း(ရွာတော်)သို့ သွားရောက်၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ တည်းခိုမည့်တည်းခိုဆောင်များ ခင်းကျင်းထားရှိမှု၊ ဆပ်ကော်မတီအလိုက် ရုံးခန်းဖွင့်လှစ်ထားရှိမှု၊ ချက်ပြုတ်ကျွေးမွေးမှုများနှင့် ချက်ပြုတ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
အားပေးစကားပြောကြား
ထို့နောက် ဒုတိယဝန်ကြီးသည် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် ရောက်ရှိလာသည့် ကချင်ပြည်နယ်အသင်းမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စားသောက်ဆိုင်များတွင် အားကစားသမားများအတွက် နေ့စဉ်သုံးပစ္စည်းများနှင့် အဆာပြေ အစားအသောက်များရောင်းချနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်