Skip to main content

တောင်သူများပူးပေါင်းပါဝင်သော စပါးမျိုးသားဆက်လိုင်းများ မွေးမြူရွေးချယ်

နေပြည်တော် နိုဝင်ဘာ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာတွင် စိုက်ပျိုးရေးသုတေ သနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးပညာရှင်များဦးဆောင်၍ တောင်သူများပူးပေါင်းပါဝင်သော စပါးမျိုးသားဆက်လိုင်းများ မွေးမြူရွေးချယ်စိုက်ကွင်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

စိုက်ကွင်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများ၊ တောင်သူများနှင့်တွေ့ ၁ ဆုံစဉ် ဒုတိယဝန်ကြီးက သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်မြင်ရေးနှင့် တောင်သူများ၏ ဝင်ငွေအကျိုးစီးပွားဖြစ်ထွန်း စေရေးအတွက် မိမိတို့ဝန်ကြီးဌာနက မျိုး၊ မြေ၊ ရေ၊ နည်းပညာ လိုအပ်ချက်များ ဖြည့်ဆည်းပေး နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများနှင့် တောင်သူများ အလှမ်းကွာဝေးမှု မရှိစေဘဲ အပြန်အလှန်အားကိုး ယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် တောင်သူများ၏ ပကတိမြေပြင်အခြေအနေကို သိရှိပြီး စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများအပိုင်းက နည်းပညာအကြံဉာဏ်များ ရှာဖွေဖော်ထုတ်ပေးနိုင်ရေးကို စီမံဆောင်ရွက်ပေး လျက်ရှိသဖြင့် တောင်သူများအပိုင်းက စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးကြ ရန်လိုကြောင်း၊ ယခုအခါတိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ တောင်သူနည်းပညာ ဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ မပျက်မကွက်တက်ရောက်ကြစေလိုကြောင်း၊ လူစာ၊ တိရစ္ဆာန်စာ မြေစာဂေဟ စနစ်စာများစိုက်ပျိုးကြစေလိုကြောင်း ဆွေးနွေးပြောကြားပြီး တောင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများသည် တောင်သူများနှင့်အတူ စပါးမျိုးသားဆက်လိုင်းများ မွေးမြူရွေးချယ်ပျိုးထားသည့် စိုက်ကွင်းသို့ ကွင်းဆင်း၍ မျိုးရွေးချယ်ခဲ့ ကြကြောင်း သိရသည်။

သတင်းစဉ်