နေပြည်တော် နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တို့၌ Polytechnic University ဖွင့်ပွဲများကို ယနေ့တွင် ကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက Polytechnic University များအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲဆိုင်းဘုတ်များအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက Polytechnic University ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားများ အသီးသီးပြောကြားကြသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက Polytechnic University များ ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် အဆိုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက Polytechnic University များ၏ အချက်အလက်များနှင့် ကျောင်းသား၊ ကျောင်းသူများ ဆောင်ရွက်ထားရှိသည့် Product Show ပြခန်းများ၊ ဘာသာရပ်ဆိုင်ရာ Project ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။