နေပြည်တော် နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းခရီးသွားယာဉ်ပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ပစ်ခတ်၍ ဘုန်းကြီးတစ်ပါး အပါအဝင် ပြည်သူလေးဦး သေဆုံးသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ကန့်ဘလူမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ဆက်သွယ်မေးမြန်းခဲ့ရာ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ကသာ-မန္တလေးပြေးဆွဲသည့် “ငွေအိုးမန်း” ခရီးသည် တင်မော်တော်ယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှ မန္တလေးမြို့သို့ မောင်းနှင်ထွက်ခွာလာစဉ် ကန့်ဘလူမြို့နယ် ပေကြီး ကျေးရွာအနီးအရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့က ဒရုန်းအသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ်အနီးသို့ Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသွားပြည်သူလေးဦး ဗုံးသီး ပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထိုသို့အကြမ်းဖက်သမားများ၏ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့သည်ဟု ဖြစ်စဉ်လွဲမှားစွာ ပြည်သူများ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြာင်း သတင်းရရှိသည်။
သတင်းစဉ်