Skip to main content

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန (တွံတေး) ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုး၊ ဦးတင်အောင်နှင့် ဦးသန်းဝင်းတို့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့နယ်ရှိ အမျိုးသမီးများပြုစု စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ကော်မရှင်အဖွဲ့ဝင်များသည် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနအတွင်း လက်ခံစောင့်ရှောက် သင်ကြားပေးလျက်ရှိသော အမျိုးသမီးများကို ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာကျွေးမွေးမှု၊ အိပ်ဆောင်များထားရှိမှု၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းများ လုံလောက်စွာရရှိမှု၊ သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်‌ပေးမှု၊ ချိုးရေကန်များ သန့်ရှင်းမှုနှင့် ရေလုံလောက်မှု ရှိ မရှိ၊ အကျင့်စာရိတ္တပြုပြင်ပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရေး၊ လူမှုဘဝရပ်တည်နိုင်စေရန် စိတ်ဓာတ်ခွန်အားများ ထည့်သွင်းပေါင်းစပ်၍ လေ့ကျင့်ပြုစုစောင့်ရှောက်ပေးခြင်းဖြင့် လူ့အသိုင်းအဝိုင်းအတွင်း တန်ဖိုးရှိသော အမျိုးသမီးများအဖြစ် ရပ်တည်နေထိုင်သွားနိုင်စေရေး၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်၊ ဘဝလုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားခွင့်၊ စာတတ်မြောက်မှုမရှိသူများအတွက် အခြေခံအရေး၊ အဖတ်၊ အတွက် သင်ကြားပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် လူမှုဘဝရပ်တည်နိုင်စေရန် စိတ်ဓာတ်ခွန်အားများ ထည့်သွင်း ပေါင်းစပ်၍ လက်ခံစောင့်ရှောက်ဆောင်ရွက်ပေး ခြင်းစသည့် အခြေခံလူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်‌ပေးမှု အခြေအနေများနှင့်် ကော်မရှင်မှ ယခင်လာရောက်စစ်ဆေးခဲ့စဉ်က အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ‌ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်