Skip to main content

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၏ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် မြန်မာနိုင်ငံ ငှက်ဖျားရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၈

မဟာမဲခေါင်ဒေသခွဲ နိုင်ငံများ၏ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် မြန်မာနိုင်ငံငှက်ဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စာတမ်းဖတ်ပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာ့လီမြို့၌ နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်) ဒေါက်တာ ထွန်းတင်တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲတွင် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အခြားအပူပိုင်းကူးစက်ရောဂါများနှင့် တီဘီရောဂါစသည့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ၊ သုတေသနဆိုင်ရာ၊ ပြည်သူ့ကျန်းမာရေးပညာရှင်များ လေ့ကျင့်မွေးထုတ်မှုဆိုင်ရာ၊ နှစ်နိုင်ငံတက္ကသိုလ်များအကြား သင်ကြားရေးနှင့် ရောဂါကာကွယ်နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များအပြင် အတတ်ပညာနှင့် နည်းပညာဆိုင်ရာ အကူအညီရရှိရေးတို့နှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်