Skip to main content

မြစ်ကြီးနားမြို့၌ သမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာစည်းဝေး

မြစ်ကြီးနား နိုဝင်ဘာ ၁၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ရန်ကြီးအောင် ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို မြစ်ကြီးနားမြို့ ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နိုင်နိုင်မော်က သမဝါယမလုပ်ငန်းများဆိုင်ရာနှင့် စပ်လျဉ်း၍ မှာကြားပြီး အသင်းအမှုဆောင်အဖွဲ့၏ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးအတည်ပြုပြီး အသင်းသားများအား ချီးမြှင့်ငွေကျပ် ၁၆၆၉၃၂၀၊ အစုပေါ်အမြတ် ငွေကျပ် ၂၂၂၅၇၆၀၊ တက်ရောက်လာသည့် အသင်းသား အသင်းသူ ၁၂၅ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ငွေကျပ် ၆၂၅၀၀၀ စုစုပေါင်း ငွေကျပ် ၄၅၂၀၀၈၀ တို့ကို ပေးအပ်သည်။

ဆက်လက်၍ အသင်းအမှုဆောင်သစ်ရွေးချယ်ခြင်းကို မြို့နယ်ဖွဲ့စည်းရေးကော်မတီအဖွဲ့က သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ အမှုဆောင်အဖွဲ့ကိုးဦးကို ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်