ရန်ကုန် နိုဝင်ဘာ ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် နိုဝင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် ၂၀၂၄ ခုနှစ် တရုတ်အပြည်ပြည်ဆိုင်ရာချစ်ကြည်ရေးညီလာခံသို့ တက်ရောက်ရန် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီ မိနစ် ၂၀ က ရန်ကုန်မြို့မှ ကူမင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
သတင်းစဉ်