နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရဝုဏ်အတွင်းနှင့် တောင်ကြီးမြို့တို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲများနှင့် နိုင်ငံအဝှမ်း ဒေသအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည့် မဟာဘုံကထိန်အလှူတော်နှင့် ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပူဇော်ပွဲများသို့ သွားရောက်ကြည်ညိုပူဇော်ကြသည့် ခရီးသွားမော်တော်ယာဉ်များမှာ အဆမတန်များပြားလျက်ရှိပြီး ယင်းမော်တော်ယာဉ်များအတွက် လိုအပ်သောစက်သုံးဆီများကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြိုတင်စီမံ၍ ဖြည့်တင်းထားမှုကြောင့် အများပြည်သူအနေဖြင့် စက်သုံးဆီများအား လိုအပ်သည့်နေရာတွင် လိုအပ်သလောက် အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်လျက်ရှိကြောင်းနှင့် စက်သုံးဆီဈေးနှုန်းအနေဖြင့်လည်း ယခင်ရက်များထက် တစ်လီတာလျှင် ၁၀ ကျပ်မှ ၃၅ ကျပ်အထိကျဆင်းပြီး ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။