Skip to main content

ပခုက္ကူမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံအမျိုးသမီးသုံးဦးကို သတ်ဖြတ်၍ နေအိမ် ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန်သတင်းမှားများ ဖြန့်ဝေ

နေပြည်တော် နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် နှောကုန်းကျေးရွာတွင် နိုဝင်ဘာ ၁၄ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ဝင်ရောက်၍ နေအိမ် ၂၀၀ နီးပါးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ဒေသခံအမျိုးသမီး ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ RFA Burmese က သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပခုက္ကူမြို့နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တာဝန်ရှိသူများ၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းရက်တွင် အဆိုပါကျေးရွာသို့ သွားရောက်ခဲ့ခြင်းမရှိကြောင်းနှင့် အဆိုပါသတင်းမှာလည်း သတင်းအမှားသာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်လျှက်ရှိကြောင်း၊ PDF အမည်ခံအကြမ်းဖက်သမားများကသာ ၎င်းတို့ကို ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် စွပ်စွဲရေးသားကာ ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။