Skip to main content

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင် ကျွန်း၊ သစ်မာနှင့် အခြားသစ် စုစုပေါင်း ၁၅၇ ဒသမ ၄၁၄၈ တန် သိမ်းဆည်းရမိ

နေပြည်တော် နိုဝင်ဘာ ၁၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၃၅ ဒသမ ၃၀၉၄ တန်၊ သစ်မာ ၈ ဒသမ ၄၄၃၀ တန်၊ အခြားသစ် ၁၁၃ ဒသမ ၆၆၂၄ တန် စုစုပေါင်း ၁၅၇ ဒသမ ၄၁၄၈ တန်၊ ယာဉ်/ ယန္တရားခြောက်စီး၊ တရားခံ ၁၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သတင်းစဉ်