Skip to main content

ခိုလမ်မြို့ သီရိမင်္ဂလာကျောင်းတိုက်၌ ဗုဒ္ဓကောလိပ်ငါးထပ်ကျောင်းဆောင်သစ် တည်ဆောက်ရန်အတွက် အလှူငွေများပေးအပ်

နေပြည်တော် နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ တည်ဆောက်မည့် ဗုဒ္ဓကောလိပ်ငါးထပ်ကျောင်းဆောင်သစ် အလှူငွေလှူဒါန်းခြင်းနှင့် ခိုလမ်မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်ဥများ လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ခိုလမ်မြို့ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ ပြုလုပ်ရာ ခိုလမ်မြို့ သီရိမင်္ဂလာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပညာသီရိအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီရိမင်္ဂလာကျောင်းတိုက် ဆရာတော်ထံမှ သီလဓမ္မတရားတော်များ ခံယူဆောက်တည်ကြပြီး တိုင်းမှူးက သီရိမင်္ဂလာကျောင်းတိုက်၌ ဗုဒ္ဓကောလိပ် ငါးထပ်ကျောင်းဆောင်သစ်တည်ဆောက်ရန်အတွက် အလှူငွေကျပ် သိန်း ၁၀၀ နှင့် ခိုလမ်မြို့ရှိ ဘုန်းတော်ကြီး ကျောင်းများအတွက် ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်ဥများအား ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့ရှိ သီရိမင်္ဂလာကျောင်းတိုက်တွင် စာသင်သားသံဃာတော် ၁၁၅ ပါးတို့က ဗုဒ္ဓစာပေများအား သင်ကြားပေးလျက်ရှိပြီး ဗုဒ္ဓကောလိပ်ဖွင့်လှစ်နိုင်ရန်အတွက် ငါးထပ်ကျောင်းဆောင်သစ်တည်ဆောက်နိုင်ရန် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်