Skip to main content

ဒက္ခိဏသီရိမြို့နယ် သမဝါယမအသင်းစုလီမိတက် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်

နေပြည်တော် နိုဝင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ် သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို နိုဝင်ဘာ ၉ ရက်က ဒက္ခိဏသီရိမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒက္ခိဏသီရိမြို့နယ် သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်းနှင့် ပတ်သက်၍ အဆိုပြုထောက်ခံရွေးချယ်သည့်စနစ်၊ လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်သည့် စနစ်တို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒအတိုင်း သမဝါယမကိုယ်စားလှယ်များအတွင်းမှ အမှုဆောင်ဒါရိုက်တာအဖွဲ့ ငါးဦးနှင့် အသင်းစာရင်းစစ်နှစ်ဦးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်