Skip to main content

အမျိုးသားအားကစားပွဲတော်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း အားကစားနည်း ငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်မည်

နေပြည်တော် နိုဝင်ဘာ ၈

နေပြည်တော်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက် အထိ ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် အားကစားနည်းငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများမှာ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဂေါက်သီးနှင့် ပြေးခုန်ပစ် အားကစားနည်းများဖြစ်ကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းငါးမျိုးတွင် နည်းပြ၊ အုပ်ချုပ်သူနှင့် အားကစားသမား စုစုပေါင်း ၆၉ ဦးပါဝင်မည်ဖြစ်သည်။ ယခုကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်းခြောက်မျိုး၊ ပြည်နယ်နှင့်တိုင်းဒေသ ကြီးအဆင့် အားကစားနည်း ၂၃ မျိုးနှင့် မသန်စွမ်းအားကစားသမားများအတွက် အားကစားနည်းလေးမျိုး ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်