နေပြည်တော် နိုဝင်ဘာ ၇
ပျဉ်းမနားမြို့နှင့် ရပ်စောက်မြို့တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီ မိနစ် ၄၀ တွင် ပျဉ်းမနားမြို့ ဘောဂသီရိရပ်ကွက် ဘောဂသီရိကားဝင်းအတွင်း အိုက်ဆမ်နှင့် စုစုထိုက်တို့အား ဆိုင်ကယ်တစ်စီးနှင့်အတူ စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၀၀၀ နှင့် ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုကိုလည်းကောင်း၊ အလားတူ နိုဝင်ဘာ ၄ ရက် နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့ ဗထူးရပ်ကွက်တွင် အေးချမ်းမောင်မောင်းနှင်ပြီး နန်းဆိုင်မွန်း လိုက်ပါလာသည့် Toyota Harrier ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၆၁၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်